6

9.5K 1K 80
                                    

အရာရာတိုင်းမှာ တစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတိုင်းပဲမလား ............ထိုအရာကိုလက်မခံချင်ပေမယ့် အမှန်တရားတစ်ခုအနေနဲ့ ဂျောင်ကု လက်မခံလို့မရ.......ထို့နောက် ဂျောင်ကု
ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်.....မှန်လားမှားလားတော့သူမဝေခွဲနိုင်တော့...........

ဂျောင်ကုကျောင်းဝန်းထဲဝင်လာတာနဲ့ခြေလှမ်းတွေက ဒါရီဆီသို့ ဒါရီနှင့်သူအပြတ်ရှင်းရမည်.....

"ကို ဒါရီဆီလာတာလား"

ဒါရီခေါ်သံကြောင့် ဂျောင်ကု မျက်နှာတစ်ချက်မဲ့လိုက်သည်......မိန်းမတွေများ သိပ်ကြောက်စရာကောင်းပါ့လား.......

"Omm ခဏလိုက်ခဲ့အုံး ငါမင်းနဲ့ပြောစရာရှိတယ်"

ဒါရီလက်မောင်းကိုအတင်းဆွဲကာ ဂျောင်ကု လူရှင်းတဲ့နေရာကိုခေါ်လာခဲ့သည်......

"ကို လွှတ်အုံး ဒါရီလက်နာနေပြီ"

"မင်းကို ငါဘယ်တုန်းကအဲ့လိုခေါ်ခိုင်းထားလို့လဲ"

"ကို ကလည်းအဲ့လိုခေါ်တော့ ဘာဖြစ်မှာစိုးလို့လဲမနေ့တုန်းကတင်ပဲ..."

"ဒါရီမင်းမိန်းကလေးဖြစ်ပြီး အရှက်မရှိဘူးလား"

"ဒါရီကဘာဖြစ်နေလို့လဲ"

"မနေ့တုန်းက အာကစားခန်းမထဲမှာ "

"ကို ကလည်းရှက်စရာကြီး"

"အော် ရှက်တတ်သေးတာလား ထားပါအဲတုန်းက မင်းငါ့ကိုတိုက်ခဲ့တဲ့အအေးထဲမှာတစ်ခုခုထည့်ထားခဲ့တာမလား"

ဂျောငိကု ထယ်ယောင်းနှင့်ရန်ဖြစ်ပြီး စိတ်တိုတိုနှင့်အားကစားခန်းမထဲမှာတစ်ယောက်တည်းထိုင်နေလိုက်သည်....အားကစားခန်းမတံခါးဖွင့်သံကြားလို့ ထယ်ယောင်းထင်ပြီး အပြေးသွားကြည့်ပေမယ့် ဂျောင်ကု ထင်ထားသလို ထယ်ယောင်းမဟုတ်ဘဲ ဒါရီဖြစ်နေခဲ့သည်....ဂျောင်ကု လည်းတစ်ယောက်တည်းနေချင်၍အားကစားခန်းမထဲကထွက်မို့လုပ်နေတုန်းသူ့လက်ကိုလှမ်းဆွဲထားသည့်ဒါရီ........

ခဏနေပါအုံးဆိုလို့ အားနာတာနဲ့ခဏထိုင်နေပေးလိုက်သည်.ထို့နောက် ဂျောငိကု လက်ထဲကိုထည့်ပေးလာသော အအေးပုလင်း ဂျောင်ကု လည်းထယ်ယောင်းနဲ့စိတ်တိုနေ၍ရင်ထဲကအပူတွေငြိမ်းစေရန် ဒါရီပေးသော အအေးကိုသောက်ချလိုက်သည်......အအေးသောက်ပြီး ကြွတက်လာသောစိတ်မှာတက်မက်မူတွေရောထွေးလျက်.....ထို့နောက်ဂျောင်ကု လည်းဘာမှမသိတော့ အသိစိတ်တွေပျောက်သွားခဲ့သည်......ထိုအချိန်မှာသူသိခဲ့သည်က သူ့ကိုဒါရီဆေးခတ်လိုက်လေပြီ...........

Be Mine(Complete)Where stories live. Discover now