"ဟုတ်ပါပြီ.. မပြောနဲ့တော့နော် သုသုလေးရောဘယ်မှာလဲ ညီမလေးကိုတစ်ယောက်တည်း ပစ်ထားသလား"

"သုသုအိပ်နေတယ်ဆရာမ သားသုသုနားသွားတော့မယ် တော်ကြာညီမလေးကို သူလာရူပ်လိမ့်မယ် "

ပြောရင်းလှည့်ပြေးသွားသည့်ခွန်းခွန်းကြောင့် အက္ခရာအတွေးတွေ ရူပ်သွားရပြန်၏။ ဘာမှမသိရှာသည့် ကလေးနှစ်ယောက်ကိုလည်း ရင်ထဲသနားနေမိသည်။

မြနန်းစံတော်ကထွက်သွားရင် သူတို့နှစ်ယောက်ကိုပါ ခေါ်သွားပေးပါတဲ့..

ကြည့်စမ်း... မြနန်းစံတော်က ကလေးနှစ်ယောက်အတွက်ပါ လုံခြုံမှုမပေးနိုင်ဘူးလား...။ အဖေတစ်ယောက်ဖြစ်တဲ့သခင်ကြီးကရော ကလေးတွေအတွက် နွေးထွေးမှုမပေးနိုင်ဘူးလာ

သခင်ကြီးကကလေးနှစ်ယောက်ရဲ့အဖေရင်းတောင် ဟုတ်ရဲ့လား

ရုတ်တရက်ဝင်လာသည့်အတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။ ဒါဟာ မတွေးကောင်းသည့်အရာ မဟုတ်လား...

ခွန်းခွန်း၏အပြုအမူအတွက်အဖြေရှာရင်း သက်ပြင်းလေးသာ ရိုက်မိတော့သည်။ မည်သို့ပင်ဖြစ်စေ အိမ်အပေါ်ထပ်ကို သူမရအောင်တက်ရမည်သာ။

သတ္တိရှိလွန်း၍မဟုတ်ပါ။ ဒီတိုင်းနေပြီးအန္တရယ်ကိုတွေးကြောက်နေရမည်ထက်စာလျှင် ရင်ဆိုင်ပြေးတွေ့လိုက်ကာမှ တော်ဦးမည်။

"ဒေါက်...ဒေါက်.."

ပြတင်းပေါက်မှန်ကိုခေါက်နေသည့်အသံကြောင့် ကြည့်လိုက်မိတော့ ရင်ထဲထိတ်ခနဲ့ဖြစ်သွားမိ၏။

မီးလောင်ဒဏ်ရာနှင့် အဘွားအိုပါလား..

တဖြောက်ဖြောက်ရွာနေသည့် မိုးရေတို့ကြား မလှုပ်မယှက် ရပ်နေသည့်အဘွားအိုကြောင့် အက္ခရာမဝံ့မရဲနှင့် ပြတင်းပေါက်မှန်တံခါးကိုဖွင့်ပေးမိတော့

အဘွားအိုကတစ်စုံတရာကိုလှမ်းပေးလာသည်။ ကြည့်လိုက်တော့...သော့။ သူမယူပျောက်လိုက်သည့် သော့ပါလား

"မပျောက်စေနဲ့တော့... သူ့ကိုအမြန်ဆုံးကယ်ထုတ်ပါ"

"ဟို...အဘွား ဘယ်သူ့ကိုပြောသလဲဟင်..."

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Onde as histórias ganham vida. Descobre agora