ဓာတ်ပုံလေးကိုစူးစိုက်ကြည့်ရင်း လွမ်းဆွတ်ခြင်းနှင့် နာကျင်မူကသူ့ရင်ကိုပြင်းစွာနှိပ်စက်နေ၏။

ချစ်ခြင်းတရားတွေကင်းမဲ့လျက် အမြဲတစေ
အေးစက်တင်းမာနေတတ်သော...ယမ်းစက်ရှင်ဆိုသည့်သူက

နှင်းဆီဆူးဆိုသည့်ပန်းကလေးနှင့်ဆို အမြဲနူးညံ့တတ်မြဲ..။ အချစ်ဆိုတာကိုလူမှန်းသိတတ်ကတည်းက ဒီညီမလေးတစ်ယောက်အပေါ်သာပုံအပ်ခဲ့သည်။

အခု..... ညီမလေးဘယ်ရောက်နေလဲ

အံတစ်ချက်ကြိတ်ရင်းအတွေးတို့က အတိတ်ဆီသို့ဝဲလွင့်လျက်။ ဘဝက .....တစ်ခုမဟုတ်ရင် တစ်ခု အမြဲလိုအပ်ချက်ရှိမြဲ....

ငွေကြေးတွေပြီးပြည့်စုံသည့်တိုင် ချစ်ခြင်းတရားတွေကဟိုးငယ်ဘဝကတည်းက ပျောက်ရှနေခဲ့သည်.....

ဂုဏ်ရည်တူချင်းမို့ မိဘသဘောတူလက်ထပ်ခဲ့ရသည့်ဒယ်ဒီနှင့်မာမီတို့ကြား အချစ်ဆိုတာမရှိခဲ့ပါ။

မာနတွေ...အတ္တတွေ အမြဲပြိုင်ဆိုင်နေသည့်မိဘနှစ်ပါးကြောင့် နွေးထွေးကြင်နာမှုတွေ ငတ်မွတ်ခဲ့ရသည့် သူနှင့်ဆူးတစ်ယောက်ကိုတစ်ယောက်အတိုးချချစ်ကာ ပို၍တွယ်တာခဲ့ရသည်။

အပြန်အလှန်ဂရုစိုက်မှုတွေနှင့်ဆူးကသူ့ဘဝဖြစ်ခဲ့သလို ဆူးအတွက်သူကလည်း ဘဝတစ်ခုဖြစ်သည်အထိချစ်ခဲ့သည်။

တစ်နေ့တော့..ကံတရားကသူနှင့်ဆူးကိုခွဲပစ်ခဲ့လေသည်။ မာနတွေပြိုင်ဆိုင်ရင်းနှင့် ဒယ်ဒီနှင့်မာမီ အပြီးတိုင်လမ်းခွဲပြီးသည့်နောက်. .....

ဆူးကိုဆွဲခေါ်ရင်းမာမီ အိမ်ပေါ်ကဆင်းသွားသလို သူ့လက်ကိုဆွဲရင်း ဒယ်ဒီနိုင်ငံခြားထွက်သွားခဲ့သည်။

နိုင်ငံတွေမြေတွေခြားသွားလည်း သူနှင့်ညီမလေး အဆက်အသွယ်မပြတ်ခဲ့ပါ။ မိဘနှစ်ပါးရဲ့အမုန်းတွေကြောင့် သူတို့ဝေးကွာနေပင်မယ့် ချစ်ခြင်းတွေမလျော့ခဲ့သည့်ပြင်ပို၍ တွယ်တာခဲ့ပါသည်။

ဒယ်ဒီနှင့်မာမီကိုယ်စီအိမ်ထောင်တွေထူသွားသည့်တိုင် သူနှင့်ညီမလေးကြားသံဃောဇဉ်တွေ သွေးအေးမသွားခဲ့ပါ..။

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now