Happy ending or Sad ending

2.6K 287 67
                                    

ဒီနှစ်​​ဆောင်းရဲ့အ​အေးဒဏ်​က​တော်​​တော်​​လေးပြင်းတယ်​။
နာရီဝက်​တစ်​ခါထုတ်​လွှင့်​​နေတဲ့မိုး​လေဝသသတင်းက​ကောင်​မ​လေးက​နွေး​နွေး​ထွေး​ထွေး​နေဖို့ပဲမှာ​နေတယ်​။

်​ဘယ်​​လောက်​ပဲ​နွေး​ထွေး​အောင်​ထားထား
အေးစက်​စက်​လာ​နေတဲ့ကိုယ်​​သေး​သေး​လေးကိုကြဘယ်​လိုလုပ်​ရမလဲ။
ဆေးအရှိန်​​ကြောင့်​ကျဲကျဲ​လေးပဲကျန်​​တော့တဲ့ဆံပင်​ဖြူ​တွေ...
အရိုး​တွေမြင်​​နေရတဲ့လက်​​သေး​သေး​လေး​တွေ...။

နောက်​ဆုံးအချိန်​ဆိုတာကိုဘယ်​သူမှသတိမ​ပေးလည်း
အကုန်​လုံးကသိ​နေတယ်​။
Namjoonကလာဖို့မ​ခေါ်ခဲ့​ပေမယ့်
ဖုန်းထဲကသူ့အသံကိုရိပ်​မိ​နေတဲ့လီလီက တစ်​နှစ်​အရွယ်​သမီး​လေးကို​ယောက္ခမ​တွေနဲ့အပ်​ခဲ့ပြီး အမျိုးသားကို​ခေါ်လို့Namjoonတို့အိမ်​​လေးဆီကို​ရောက်​လာတယ်​။

သူအရမ်းချစ်​တဲ့သူ့အ​ဖေရဲ့ပုံစံကိုမြင်​ပြီး
ချောင်​မှာသွားသွားငို​နေတာကိုလည်းNamjoonကသိတယ်​။

ဒီ​ရောဂါဒဏ်​ကိုSeokjinဒီ​လောက်​အထိခံနိုင်​ခဲ့တာကလည်းNamjoonရဲ့အပြုအစု​ကောင်းမှု​တွေ​ကြောင့်​ပဲဖြစ်​တယ်​။

နှင်း​တွေကပိုပြီးသည်းလာသလိုပဲ...
တစ်​ကိုယ်​လုံးကို​ထွေး​နေ​အောင်​ပိုက်​ထားတာ​တောင်​နည်းနည်း​လေးမှ​နွေးမလာဘူး။
လက်​မခံချင်​​ပေမယ့်​လည်းလက်​ခံရမယ်​။
လက်​လွှတ်​နိုင်​ရမယ်​။

Seokjin​ပြောသလိုပဲ
တစ်​ဘဝလုံးအတူတူဖြတ်​သန်းလာခဲ့နိုင်​တာကိုကဆုလာဘ်​​လေ...။
လောဘထပ်​ကြီးလို့မဖြစ်​ဘူး။

ဘယ်​နားကရယ်​ရယ်​Namjoonကြား​လောက်​တဲ့ရယ်​သံကျယ်​ကျယ်​​လေးကိုသ​ဘောကျတယ်​။
တစ်​ခုခုစားတိုင်းအားရပါးရပလုပ်​ပ​လောင်းစားတတ်​တာ​လေးကိုလည်းချစ်​တယ်​။
တစ်​ခါနမ်းပြီးတိုင်းသုံးရက်​​လောက်​ရှက်​​နေတတ်​တာ​လေးကိုလည်းမြတ်​နိုးတယ်​။

တကယ်​​တော့Joonကစွန့်​လွှတ်​ဖို့်​ဘယ်​​တော့မှအဆင်​သင့်​ဖြစ်​မ​နေခဲ့ဘူး။

ဆယ်​နှစ်​ပြည့်​​နွေရာသီ​လေးတစ်​ခုကိုသတိရတယ်​။
ဆောင်းတွင်းကုန်​မှထိုးသွားလို့ပြီးသွားခဲ့တဲ့ဆွယ်​တာ​လေးကိုကြည့်​ပြီးဝမ်းနည်း​နေခဲ့တဲ့အစ်​ကိုရယ်​​လေ။

သူသိ​စေ(သူသိစေ)Where stories live. Discover now