စာမျက်​နှာ ဆယ့်​ငါး(စာမျက်နှာ ဆယ့်ငါး)

1.4K 230 6
                                    

လီလီကဒီ​ဂေဟာ​လေးမှာ​နေရတာသ​ဘောကျပါတယ်​...
စစ်​စတာကြီးကလီလီအမှားလုပ်​တိုင်းမဆူပဲသကြားလုံး​ကျွေးပြီး​သေချာဆုံးမတယ်​​လေ...

လီလီကိုဒီကိုလာပို့တဲ့လီလီ့ပ​ထွေးဆိုတဲ့သူက​တော့လီလီအမှားလုပ်​လုပ်​မလုပ်​လုပ်​လီလီကိုခဏခဏရိုက်​တာကိုး...

လီလီကအဲ့အခန်းကျဉ်း​လေးထဲမှာ​နေရတာထက်
ဒီမှာကိုပို​ပျော်​ပါတယ်​...။

တစ်​ပတ်​တစ်​ခါလီလီတို့​ဂေဟာကိုလာ​နေကြအကိုကြီးနှစ်​​ယောက်​ရှိတယ်​....
နှစ်​​ယောက်​လုံးကအရမ်း​ချောတာပဲ...
တစ်​​ယောက်​ကဆိုနတ်​သား​လေးနဲ့တူတယ်
ဖွေးဆွတ်​ပြီး...​ချောလိုက်​တာ...

လီလီ့အ​မေကနိုင်​ငံခြားသူလို့​ပြောတယ်
အဲ့တာ​ကြောင့်​လီလီ့အသား​ရောင်​ကအဲ့အကိုကြီးလို​ဖွေးဆွတ်​မ​နေပဲ...နီစပ်​စပ်​နဲ့...။

အဲ့အကိုကြီး​တွေကလာတိုင်း​လီလီ့ကိုကစားဖို့လာ​ခေါ်​ပေမယ့်
လီလီကနဂိုကတည်းကက​လေး​တွေနဲ့သိပ်​မ​ဆော့တတ်​တာမလို့...​ခေါ်တိုင်းမသိ​ချင်​​ယောင်​​ဆောင်​​နေတတ်​တယ်​။

တစ်​ခါနှစ်​ခါ​ခေါ်လို့မရရင်
အဲ့အကိုကြီးကလီလီ့​ခေါင်းကဆံပင်​​တွေကိုသာသာ​လေးဆွဲဖွပြီး အဆိုးမ​လေးလို့​ပြော​ပြောပြီးမှထွက်​သွားတတ်​တယ်​။

အဲ့လိုမျိုးဆိုလီလီစိတ်​ဆိုးချင်​​ယောင်​​ဆောင်​လို​က်​​ပေမယ့်
လီလီတကယ်​စိတ်​မဆိုးပါဘူး....
လီလီကစိတ်​မှမဆိုးရဲတာ...
လီလီစိတ်​ဆိုးဖူးတယ်​...
ဘယ်​သူမှမ​ချော့လို့ စိတ်​ဆိုးတိုင်းလာ​ချော့မယ့်​လူမရှိလွန်းလို့
လီလီစိတ်​မဆိုးရဲဘူး....။

ဒီတစ်​ပတ်​က​တော့နည်းနည်းမတူဘူး...။
အကိုကြီးနှစ်​​ယောက်​လုံးကခါတိုင်းဆိုပါလာတဲ့မုန်​​တွေနဲ့စာအုပ်​​တွေကိုလီလီတို့ဆီကိုချက်​ခြင်းယူလာပြီး​ဝေ​ပေးတတ်​​ပေမယ့်​ ဒီတစ်​ပတ်​က​တော့စစ်​စတာကြီးရဲ့ရုံးခန်းထဲကိုအကြာကြီးဝင်​သွားတယ်​။

လီလီကြိုက်​တဲ့လိ​မ္မော်​သီးအရသာချိုချဉ်​ကိုစားချင်​လွန်းလို့​စောင့်​​နေတာ​တောင်​ အိပ်​ချင်​လာပြီ....။

သူသိ​စေ(သူသိစေ)Wo Geschichten leben. Entdecke jetzt