1.6K 226 19
ဆောင်းရာသီအများကြီးကိုဖြတ်​​ကျော်​လာပြီးတဲ့​နောက်​မှာ
လီလီကအရွယ်​​ရောက်​လာခဲ့တယ်​။
အ​ဖေနှစ်​​ယောက်​ရဲ့ချစ်​ခြင်း​တွေကြားမှာလီလီက​နွေး​ထွေးတဲ့နှလုံးသားလှလှ​လေးနဲ့မိန်းမပျို​လေးတစ်​​ယောက်​ဖြစ်​လာခဲ့တယ်​။
လီလီဘွဲ့ရတယ်​....
လီလီအလုပ်​ဝင်​တယ်​....
လီလီရာထူး​တွေတက်​လာပြီး
လီလီသ​ဘောကျတဲ့​ကောင်​​လေးနဲ့ဘဝတစ်​ခုကိုတည်​​ဆောက်​​တော့မယ်​။
မင်္ဂလာ​ဆောင်​ရင်​လီလီလက်​ကိုဆွဲပြီးဝင်​ချင်​တယ်​ဆိုတဲ့​ဖေJinက လမ်း​ကောင်း​ကောင်းမ​လျှောက်​နိုင်​ခဲ့​တော့ဘူး။
လူကြီး​ရောဂါကဝင်​လာပြီးအရင်​တုန်းက​သောက်​ခဲ့တဲ့​ဆေး​တွေရဲ့ဒဏ်​ကပြန်​နှိပ်​စက်​တယ်​နဲ့တူပါတယ်​။
ကျန်းမာ​ရေးလိုက်​စားတဲ့​ဖေJoonက​တော့အခုထိဖျက်​လက်​​နေတုန်း...
ဖေJoonကလူကကျန်းမာ​ရေး​ကောင်း​ပေမယ့်
စိတ်​က​တော့မဟုတ်​ဘူး.....
ဖေJinနာကျင်​​နေတဲ့အခါမျိုး ​ရောဂါသည်းထန်​​နေတဲ့အချိန်​မျိုးဆို မျက်​ရည်​​တွေကိုခိုးသုတ်​ပြီးငို​နေတတ်​တယ်​။
လီလီကဒီအမျိုးသား​လေးကိုလက်​မထပ်​ချင်​​သေးဘူး။
လီလီကအ​ဖေနှစ်​​ယောက်​လုံးကိုမခွဲနိုင်​​သေးလို့...။
ဒါ​ပေမယ့်​ လီလီကိုအ​ဖေ​တွေကိုယ်​တိုင်​ကတိုက်​တွန်းလာ​တော့ လီလီလက်​ခံလိုက်​ရတယ်​။
ဖေJoonတို့သွား​နေကြဘုရား​ကျောင်း​လေးမှာပဲ
လီလီတို့မင်္ဂလာ​ဆောင်​ဖြစ်​တယ်​။
လီလီက​ဖေJinရဲ့​နွေး​ထွေးတဲ့လက်​တစ်​ဖက်​ကိုကိုင်​ထားတယ်​...
မတ်​တပ်​​ကောင်း​ကောင်းရပ်​လို့မရ​တော့တဲ့​ဖေJinရဲ့ဝှီးချဲကို​တော့​ဖေJoonကတွန်းပြီးလိုက်​​ပေးတယ်​။
လီလီကအခုကမ္ဘာ​ပေါ်မှာကံအ​ကောင်းဆုံးမိန်းက​လေးလို့ခံစားရတယ်​။
လီလီကိုအ​ဖေနှစ်​​ယောက်​လုံးကအမျိုးသား​လေးဆီဂရုတစိုက်​နဲ့ပို့​ဆောင်​​ပေး​နေတာ​လေ...။
သူသိ​စေ(သူသိစေ)Hikayelerin yaşadığı yer. Şimdi keşfedin