စာမျက်​နှာ ဆယ့်​သုံး(စာမျက်နှာ ဆယ့်သုံး)

1.4K 239 30
                                    

မီးလင်းဖိုကိုမီးစာထပ်​ထည့်​ရင်း ခုံမှာစာထိုင်​ဖတ်​​နေတဲ့Joon​ဘေးနားကိုသွားထိုင်​လိုက်​သည်​။

ထိုင်​လိုက်​တဲ့သူ့​ပေါင်​​ပေါ်ကို​ခေါင်းတင်​လိုက်​​တော့​နေရထိုင်​ရမခက်ရေ​လ​အောင်​​သေချာ​နေရာချ​ပေးလိုက်​ရ​သေးသည်​။

စာအုပ်​ကို​ဘေးကိုထားလိုက်​ပြီးသူ့ဗိုက်​ကိုမျက်​နှာအပ်​ကာလက်​နှစ်​ဖက်​ကခါးကိုတင်း​နေ​အောင်​ဖက်​ထား​တော့...
ဆံပင်​ခပ်​ထူထူ​တွေကိုဖွ​ပေး​နေလိုက်​သည်​။

"ပိန်​လိုက်​တာ အကိုက"

အားမလိုအားမရနဲ့ဖက်​ထားတဲ့ခါးကိုတင်းကနဲဖျစ်​ညှစ်​သည်​။

"မဝချင်​ပါဘူး
ဝတာကျန်းမာ​ရေးနဲ့များညီညွှတ်​တယ်​မှတ်​​နေလား"

ဖွ​နေတဲ့ဆံပင်​​တွေကိုခပ်​ဖွဖွဆွဲ​ဆောင့်​လိုက်​​တော့
အား...ကနဲထ​အော်​ပြီးငုတ်​တုတ်​ထထိုင်​ကာစိုက်​ကြည့်​သည်​။

"နာ​အောင်​လုပ်​တယ်​​ပေါ့
အကိုကျွန်​​တော့်​ကိုမချစ်​​တော့ဘူးမလား"

"မချစ်​​တော့ဘူး မင်းကို"

"အကို!!"

နားနားကပ်​ပြီးအ​အော်​ခံလိုက်​ရ​တော့လူကလန့်​သွားသည်​။

စတာကိုဒီ​ကောင်​​လေးကဘယ်​လို​တွေ​တောင်​...

နှစ်​​ယောက်​သားဘာစကားမှမ​ပြောပဲမျက်​လုံးချင်းအကြာကြီးဆုံ​နေလိုက်​ကြ​သေးသည်​။

နှစ်​မိနစ်​​လောက်​ကြာ​တော့မှ​ဘေးနားက​နေထွက်​သွားပြီး
အခန်းတံခါးကိုအကျယ်​ကြီးအသံထွက်ေ​အာင်​ပိတ်​ကာဝင်​သွားသည်​။

မချစ်​​တော့ဘူးဆိုတာစလိုက်​တာပါ၊
ဘာလို့အဲ့​လောက်​ထိဆက်​ဆက်​ထိမခံဖြစ်​သွားရတာလဲ....။

စိတ်​ဆိုးသွား​တော့လည်းစိတ်​မ​ကောင်း...

မီးဖို​ချောင်​ထဲကိုဝင်​လာပြီးJoonကြိုက်​မယ့်​တစ်​ခုခုချက်​ဖို့ပြင်​ဆင်​ရသည်​။

သူချက်​​ကျွေးတာကို​တော့​ကောင်း​ကောင်းစားတာမလို့...
အစားနဲ့ပြန်​​ချော့ရမည်​။

သူသိ​စေ(သူသိစေ)Wo Geschichten leben. Entdecke jetzt