Leaving the best memories👣 (Unicode)

9.4K 572 15
                                    


"အရှင့်ဘုရား..ဤကဲ့သို့သောမုန့်လှူရခြင်းအကျိုးအားကြောင့် တပည့်တော်မ၏သူငယ်ချင်းဖြစ်သူ ဟိန်းထက်ယံ Tပါစေ အရှင်ဘုရား..Tပါစေအရှင်ဘုရား.."

ဘုရားစင်ရှေ့ ပုဆစ်တုပ်လေးထိုင် မျက်လုံးလေးမှိတ် နူတ်ခမ်းကတလူပ်လူပ်တရွရွနှင့် အားကြိုးမာန်တက် ဆုတောင်းနေသော နှင်းပွင့်မ...။

သွားရှာပြီ..ငါတို့သူငယ်ချင်းကြီးတော့..။ကိလေသာတွေကုန်ခမ်းနေတဲ့ဘုရားဆီမှာ သောက်ပေါက်တတ်ကရတွေဆုတောင်းရတယ်လို့..။ဒယ်အိုးနဲ့တော့တကယ်နီးနေတာမြင်ယောင်သေး..။တွေးရင်းမေလေးနှင့်မြတ်မွန်နှစ်ကောင်သားတကျွတ်ကျွတ်နဲ့စုတ်သပ်မိသည်..။သုံးယောက်လုံးတူတူနေသောအိမ်လေးမှာနှင်းပွင့်တစ်ကောင်သာကွက်ပြီးဒီနေ့မှဘုရား တရားတွေစွတ်စပ်သိတတ်နေခြင်း။

"ဟဲ့..ဘုရား က ညလယ်စာမစားဘူးလေ.."

ရွဲ့တဲ့တဲ့လေသံနှင့်လှမ်းပြောသောမေလေးစကားကြောင့်နှင်းပွင့် မျက်လုံးလေးဖျတ်ခနဲပွင့်သွားပြီးဟုတ်သား..ဘုရားကညလယ်စာမှမစားတာ..။

"အို..ဘယ်လိုဖြစ်ဖြစ်..ငါအခုကြိုကပ်ထားတာ..မနတ်ကျရင်စားမှာပေါ့.."

နှင်းပွင့်ဆူဆောင့်ဆောင့်အသံလေးနဲ့ပြောတော့မြတ်မွန် ကနူတ်ခမ်းတစ်ချက်ရွဲ့လိုက်ပြီး..

"ဒီမှာ..မမ..ငါတို့ကအခုဘဲဖုန်းဆက်တော့မှာ မနတ်ထိမစောင့်နိုင်ဘူး.."

နှင်းပွင့်လက်အုပ်ချီထားရာမှကမန်းကတန်း မြတ်မွန်တို့ဘက်လှည့်လိုက်ပြီး

"ဟင်...မနတ်မှဆက်ပါလားဟင်??နင်တို့ကလဲငါ့အလှူလေးဒါနမြောက်သွားရအောင်.."

"No..ပါ.!!."

မျက်နှာငယ်လေးနဲ့ပြောလာတဲ့နှင်းပွင့်ကို နှစ်ယောက်လုံးကခေါင်းလေးတခါခါနဲ့ ပြောသည်မို့ နှင်းပွင့်မျက်နှာလေးဇီးရွက်လောက်သာကျန်တော့သည်..။

အဲ့မိန်းမတွေကလည်းပြောလို့ရမည့်ပုံမပေါ်..။ဟိုအကောင်ကလည်း ဟိုကလေးမျက်စောင်းတစ်ချက်မှာတင် လမ်းကြိတ်စက်နဲ့တက်နင်းခံသလိုကိုပြားပြားဝပ်သွားတတ်ပုံနဲ့..။လောင်းကြေးကလဲနည်းတာမဟုတ်ဘူး..။အဲ့အကောင်သာ Bလိုက်ရရင်...။တော်ပီ..တော်ပီ..ဘုရားဘဲငါ့ကယ်နိုင်မှာဘုရားဘဲဆက်ရှိခိုးမှနှင်းပွင့် လက်အုပ်ပြန်ချီလိုက်ပြီးဘုရားဆီကိုသာပြန်အာရုံစိုက်လိုက်သည်..။

L❤VE in the 1st sight(Completed)Where stories live. Discover now