ကျေးဇူးတင်လွှာ

29.1K 1.7K 76
                                    

L❤VE in the 1st sight fic
လေးဟာဒီနေရာမှာဇာတ်သိမ်းသွားပါပြီ..

ဒီficလေးကိုစရေးဖို့Ideaလေးပေါ်လာတဲ့
အကြောင်းပြောပြချင်ပါတယ်လို့..

လိင်တူချစ်သူလို့ဖြစ်လာကြတာ
အကြောင်းအမျိုးမျိုးရှိပါလိမ့်မယ်..

မွေးရာပါလိင်တူသဘောကျတာမျိုး..
ပထမဆုံးအတွေ့အကြုံကယောင်္ကျားလေးနဲ့
ဖြစ်ခဲ့တာမျိုး..
ပတ်ဝန်းကျင်အခြေအနေကြောင့်လိင်တူချစ်
သွားတာမျိုး အမျိုးမျိုးရှိကြမှာပါ..

အဲ့တော့စဉ်းစားမိတာ
မိန်းခလေးတွေကိုဘဲကြိုက်တဲ့Straight
တစ်ယောက်ကရော
မြင်မြင်ချင်းချစ်သွားတာမျိုးနဲ့
ယောင်္ကျားလေးတစ်ယောက်ကိုချစ်သွားတာမျိုး
မဖြစ်နိုင်ဘူးလားလို့တွေးမိခဲ့တယ်..

အဲ့အတွေးကိုလက်တွေ့အကောင်အထည်
ဖော်ပြီးficအနေနဲ့ရေးခဲ့ပါတယ်..

ဒီficကိုစစရေးတုန်းက dramaချိုးဖို့
စဉ်းစားထားတာပါ..
Straight ကောင်လေး၂ယောက်ကြားက
ဆိုတော့ဖွင့်မပြောရဲတာတို့ အိုးတိုးအမ်းတမ်း
ဖြစ်တာတို့အဲ့တာမျိုးကိုရေးဖို့စဉ်းစားခဲ့တာ.

ဖြစ်ချင်တော့ fujoushiသုံးကောင်နဲ့အတူ
အခွီ comedyဘက်ရောက်သွားတယ်
အဲ့ficစစ ရေးတုန်းက
အရမ်းပျော်နေတဲ့အချိန်မို့လဲပါလိမ့်မယ်ထင်တယ်..
အဲ့တော့မထူးဇာတ်ခင်းပီးcomedy
လိုက်ရတယ်
Dramaချိုးလို့ကအဆင်မပြေတော့ဘူးလေ

အမှန်ဆိုဒီficဟာ part-18မှာအဖြေပေးပြီး
ဇာတ်သိမ်းမှာ
ဒါပေမဲ့ဆက်ရေးပေးကြပါလို့
တောင်းဆိုလာကြတယ်..
အဲ့တော့ဆက်ရေးဖို့စဉ်းစားကြည့်တယ်..

ဒီpart-18မှာဇာတ်မသိမ်းခဲ့ရင်
ဇာတ်သဘောအရ သူတို့နှစ်ယောက်
လက်ထပ်ပြီးတူတူနေတဲ့ထိသွားရတော့မှာ
Happy endချင်တယ်ဆိုရင်ပေါ့လေ..

အဲ့တာကြောင့်နဲနဲတွေဝေခဲ့ပေမယ့်
ဟိန်းထက်ယံနဲ့သက်ဝေယံလို
ဇာတ်ကောင်မျိုး..
အထူးသဖြင့် သက်ဝေယံပေါ့
နောက်တစ်ကြိမ်ဖန်တီးဖို့ဆိုတာတကယ်မလွယ်
တော့တာမို့ ဆက်ရေးဖြစ်ခဲ့တယ်..

မခွဲနိုင်သေးလို့လဲပါတာပေါ့လေ😢

ဒီficစရေးစဉ်မှာတော်တော်များများမေးကြတာ
Based on the true incident
လားဆိုတာပါ..
လုံးဝမဟုတ်ပါဘူးနော်..
စိတ်ကူးယဉ်fictionသပ်သပ်ပါ
ဒီficထဲတချို့ဇာတ်ကောင်လေးတွေကတော့
အပြင်မှာရှိကြပါတယ်
Characterအနေနဲ့တူကြတယ်

Main characterနှစ်ယောက်က
စိတ်ကူးယဉ်ဖန်တီးဇာတ်ကောင်ပါ😁

အပြင်က Japan all kingကြီး
တန့်ကိုလာသတ်မှာစိုးလို့ပြောပြတာပါ😝

ဒီficဟာတန့်ရဲ့ဒုတိယမြောက်ficတစ်ခုပါ

အရေးအသား
ဇာတ်အိမ် ဇာတ်ကွက်တွေ
Perfectဖြစ်ဖို့လိုနေပါသေးတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုသိပါတယ်

ဒါပေမဲ့
တကယ်မယုံနိုင်လောက်အောင်
ဖတ်ပေးလာကြတော့အရမ်း
ပျော်မိတယ်😢

Part-10ကျော်မှာ လူတော်တော်များများ
သိလာခဲ့ကြတယ်..

Facebookပေါ်မှာတင်ကြတဲ့
ဒီficနဲ့ပတ်သက်တာလေးတွေအကုန်လုံးကို
Ssလေးတွေရိုက်သိမ်းထားတယ်
အဲ့တာလေးတွေက
တကယ့်အမှတ်တရလေးတွေပါ..😍

ကျေးဇူးတင်ချင်တဲ့သူတွေကတော့
အများကြီးဘဲ

ဒီအထိ တစိုက်မတ်မတ်ဖတ်လာပေးကြတဲ့
သူတွေကိုရော
ဟိန်းထက်ယံနဲ့သက်ဝေယံကိုချစ်ပေးကြတဲ့
သူတွေကိုရော
Feedbackပေးတဲ့သူတွေကိုရော
Facebookပေါ်ပြန်တင်ပေးတဲ့
ထက်ရှားမောင်ကိုရော
Role playerလေးတွေကိုရော
YUFLကဝိုင်းsupportပေးတဲ့မမတွေရော
CBထိဂျီလာကျတတ်တဲ့ချစ်ဆုံးလေးတွေကိုရော
အားလုံးကိုကျေးဇူးတင်ပါတယ်..

ဒီficလေးရေးတုန်းကအကြောင်းကြောင်းကြောင့်
depressionခဏခဏဝင်လို့
ဆက်မရေးနိုင်ခဲ့ဘူး..
မှတ်မှတ်ရရ part-10ကျော်လောက်ကတစ်ခါ
Part-20ကျော်လောက်ကတစ်ခါ
Part-30နားနီးတော့တစ်ခါ
ဒီအထိဆက်ရေးဖြစ်အောင်
Motivateပေးတဲ့လူတွေအကုန်လုံးကိုလဲ
ကျေးဇူးတင်ပါတယ်😇

Main storyပြီးသွားပေမဲ့
Extraတွေဆက်ရေးဖြစ်မှာပါလို့😚😚

စောင့်ပေးပါနော်..
Updateကတော့ထုံးစံအတိုင်း
အရမ်းတော့မကြာစေရပါဘူးလို့😚😚

L❤VE in the 1st sight(Completed)Where stories live. Discover now