"အဖေ.."
ချက်ချင်းတခြားတစ်ဖက်သို့မျက်နှာလွှဲသွားသောအဖေဖြစ်သူကြောင့်ဆက်ပြောမယ့်စကားတွေကိုဟိန်းထက်ယံခဏတာမေ့ပျောက်ကုန်သည်..။မင်း..ငါ့ကို အဖေလို့လာမခေါ်နဲ့လို့ပြန်မအော်ထုတ်တော့သည်မို့အခြေအနေကောင်းလာပြီဟုတော့ပြောလို့ရသည်။ဟိန်းထက်ယံသက်ပြင်းခပ်သဲသဲ့လေးခိုးရိူက်လိုက်ပြီး
"အဖေ..ညောင်းနေရင်ဒီမှာထိုင်.."
စကားတောင်မဆုံးသေးဘဲဟိန်းထက်ယံလက်ထဲကခုံကိုဆတ်ခနဲဆွဲယူပြီး ထိုင်လေသည်..။မျက်နှာကတော့တစ်ဖက်ကိုလွှဲထားတုန်း..တစ်ဦးတည်းသောသားကယောကျင်္ားယူမယ့်ကိစ္စကဖေဖေ့အတွက်တော်တော်လေးလက်မခံနိုင်တဲ့ကိစ္စတစ်ရပ်ဖြစ်ခဲ့တာအမှန်။တောင်ကြီးပြန်တုန်းကအိမ်မှာဝုန်းဒီုင်းတွေပါကြဲကုန်သည်မို့မေမေသာဝင်မပါရင် သားအဖနှစ်ယောက်လုံးသတ်ပွဲတွေဖြစ်ကုန်မှာ..။မေမေ့ကိုကြည့်လိုက်တော့ မေမေက ပြုံးပြီးဟိန်းထက်ယံဆီကိုကြိတ်ပြီးလက်မထောင်ပြလေသည်မို့ မေမေ့ကို ပြန်ပြီးပြုံးပြလိုက်သည်..။ဆင်စွယ်ရောင်ဇာဂါဝန်အကျပ်လေးဟာမေမေရဲ့သွယ်လျလျခန္ဓာကိုယ်နဲ့လိုက်ဖက်လွန်းလှသည်..။အညိုရောင်ဆံပင်တွေကိုနောက်တွဲဆံထုံးဆန်းဆန်းလေးထုံးထားတဲ့မေမေ့ပုံစံဟာအသက်၄ရနှစ်လို့မထင်ရအောင်ကိုနုပျိုလွန်းသည်..။နောက်ဆိုအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့သဘောနဲ့မေမေကမျက်ခုံးလေးပင့်ပြပြန်သည်။အဲ့လောက်ထိနားလည်ပေးနိုင်လို့ကိုမေမေ့ကိုချစ်ရခြင်း..။
"ခိုင်..အဲ့မှာရပ်ပြီးသားကိုကြိတ်မြောက်ပေးမနေနဲ့!! .အစ်ကိုအကုန်သိတယ်.."
ဖေဖေက မေမေနဲ့ဟိန်းထက်ယံ မျက်လုံးခြင်းစကားပြောနေတာကိုရိပ်မိသွားသည်မို့ဟိန်းထက်ယံမှင်သေသေနဲ့ပြန်ငြိမ်နေလိုက်သည်..။မေမေကလေပြေသံလေးနဲ့
"အို..အစ်ကိုကလဲ..စိတ်တွေလျှော့ပါတော့"
"ဘာစိတ်လျှော့ရမှာလဲ??ငါအဲ့အကောင်ကိုခုချိန်ထိဆွဲထိုးချင်နေတုန်း"
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...