L❤VE in the 1st sight
(Part-6)"So Baby pull me closer
In the backseat of your rover🎼"အခုတလောခေတ်စားနေတဲ့
Closer songလေးကလွင့်ပျံလာလေသည်အာ....ညကြီးမင်းကြီး
ဘယ်သူ့ဆီကဖုန်းလာတာလဲမသိဘူး..
ရည်းစားဆီကလာရအောင်လဲဝင်းမြင့်မှာက
မူးလို့ရူစရာတောင်မရှိ"🎵That i know u can't afford
Bite the tattoo on yr shoulder🎶"ကုတင်ဘေးကခုံပေါ်တင်ထားသည့်
ဖုန်းကိုကောက်ယူကြည့်လိုက်မိတော့"Pull the sheets right of the corner🎼"
ခွေးကောင်!!
ညကြီးမင်းကြီးဘာလာနှိပ်စက်မို့လဲမသိဘူး .
အရင်ကလဲညဘက်ဒီလောက်မိုးချုပ်ရင်
ဆက်လေ့မရှိပါဘူး..အခုဘာလို့များအချစ်ဆုံးသူငယ်ချင်းကြီးရဲ့ဖုန်းမို့
ဥပေက္ခာလဲမပြုရက်
အတွေးစကိုမြန်မြန်ဖျတ်ပြီး စိတ်မပါလက်မပါနှင့်ပင်
Screenကိုတစ်ချက်ပွတ်ဆွဲလိုက်သည်"အေး..သားကြီး..ပြော.."
"သူငယ်ချင်း...."
တိုးတိုးလေးနှင့် ထွက်လာသောလေသံလေး
ဒါဟိန်းထက်ယံအသံဟုပင်ထင်ချင်စရာမရှိ"အေး..!ငါနားထောင်နေတယ်
ဘာလဲဟာ!မြန်မြန်ပြော..ငါအိပ်နေတဲ့ဟာကို..""ငါ..ငါ့ကိုကယ်ပါ..."
"ဘာ!!"
ဒီကောင်ဘာလာကြောင်နေသည်မသိ
ဝင်းမြင့် မျက်လုံးပင်နဲနဲကြောင်ချင်သွားသည်"ငါ..ငါ..ရူးတော့မယ်ထင်မယ်"
ဟိန်းထက်ယံ၏နောက်ထပ်စကားအဆုံးမှာ
ဝင်းမြင့်ကုတင်ပေါ်ကပင်ကုန်းရုန်းထထိုင်လိုက်မိသည်"နေပါအုံး..!အဆုံးမရှိအစမရှိ
မင်းဘာဖြစ်နေတာလဲ?""ငါ...ငါ..."
"အေး..ပြောပါဆိုနေ.."
စိတ်ကသိပ်မရှည်ချင်တော့
Non senseတွေလဲလာပြောနေသည့်အပြင်
ထမင်းခုနစ်ရက်လောက်မစားရသည့်အသံမျိုးနှင့်"ဘယ်နေရာကြည့်ကြည့်ဟိုကလေးပုံတွေဘဲ
မြင်နေရတယ်..ငါလန့်လာပြီ.."တိန်!!
"ငါအိပ်လို့မရတာလဲ
၎ညလောက်ရှိနေပြီ..အခုလဲငါ...ငါသူ့ကိုမြင်လာရလို့
မင်းဆီဖုန်းဆက်တာ.."
ESTÁS LEYENDO
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...