Part-31 (Unicode)

9.5K 767 44
                                    

"အကျႌ..အကျႌ..အကျႌ"


သက်ဝေယံ နူတ်မှတတွတ်တွတ်ရွတ်နေရင်းဗီရိုထဲကအကျႌတွေကိုဟိုရှာဒီရှာလုပ်နေရင်းက


"တွေ့ပြီ..!!"


ဆွဲထုတ်လိုက်သည့်အတွက်လက်ထဲပါလာသည်ကမိုးပြာရောင်စပို့ရှပ်အကျႌလေး..။မေမေဒီနေ့အောက်ထပ်မှာဧည့်သည်တွေနဲ့အလုပ်ရူပ်ပြီးအပေါ်တက်ပြီးအကျႌမရွေးပေးတာဘဲကျေးဇူးတင်ရမည်..။မဟုတ်ရင်ဒီအကျႌလေးဝတ်ချင်မှဝတ်လို့ရမှာ။ချည်သားနဲ့ချုပ်ထားတဲ့ရိုးရိုးရှင်းရှင်းပြောင်အကျႌလေးကမှတ်မှတ်ရရ ပထမဆုံးသူနဲ့အတူတူလှည်းတန်းcentreပတ်တုန်းကသူဝယ်ပေးခဲ့တာလေး..။အင်း ..တော်တော့တော်အုံးမယ်ထင်တာဘဲတွေးရင်ကောက်စွပ်လိုက်တော့ကွက်တိ..။ကြည့်ရတာအဲ့တည်းကနဲနဲလေးsizeကြီးတာဝယ်ခဲ့လို့လဲပါမည်...။အကျႌဝတ်ပြီးသည်နှင့်မှန်ရှေ့အမြန်ပြေးပြီးကိုယ့်ကိုယ်ကိုအပီအပြင်ပြင် ပါမည်ဆိုနေမှနာရီဆီအကြည့်ရောက်မိသွားတော့ဆံပင်ပုံကျအောင်သာ ဘီးနဲ့တစ်ချက်နှစ်ချက်ဖြီးလိုက်နိုင်သည်..။ကားသော့ရယ်..ပိုက်ဆံအိတ်နဲ့ဖုန်းကိုသာအမြန်ကောက်ယူပြီးသည်နှင့်အိမ်အောက်သို့ပြေးဆင်းသွားရသည်..။


"သားသား!!"


ဧည့်ခန်းထဲကလှမ်းခေါ်တဲ့မေမေ့အသံကြောင့်အိမ်အပြင်သို့ထွက်လက်စသက်ဝေယံရဲ့ခြေလှမ်းတစ်ဖက်လေထဲမှာတင်ရပ်တန့်သွားရသည်..။မေမေကတော့သူ့ဧည့်သည်တွေနဲ့သူ့ဟာသူနေတာမဟုတ်ဘူး..။ဘာတွေပြောအုံးမည်မသိ..။


"သား..ခဏလာပါအုံး!!!"


သက်ဝေယံစိတ်ရူပ်ရူပ်နဲ့နောက်ပြန်လှည့်ပြီးဧည့်ခန်းထဲပြန်ဝင်ထိုင်နေရသည်..။ဧည့်ခန်းထဲမှာတွေ့လိုက်ရတဲ့လူသုံးယောက်ကိုသေချာတောင်မကြည့်ဘဲသက်ဝေယံပြုံးပြလိုက်သည်..။


"သား..ဒါကသားနဲ့လက်ထပ်ပေးဖို့သဘောတူထားတဲ့ကောင်မလေးလေ.."


"ဟင်!!!"


ပုခုံးပေါ်တင်ထားတဲ့မေမေ့လက်လေးတစ်ချက်တုန်သွားတာသက်ဝေယံရဲ့အသံကြောင့်ဖြစ်မည်..။ဒါပေမဲ့သက်ဝေယံကပိုလန့်သွားတာတော့အမှန်မေမေညွန်ပြတဲ့နေရာကိုကြည့်လိုက်တော့ဖြူစုတ်စုတ်အသားအရေနဲ့ထိုင်နေတဲ့ပိန်သေးသေးမိန်းခလေးတစ်ယောက်အဲ့မိန်းခလေးရှိရာကိုမေမေကတစ်ချက်ကြည့်ပြီး

L❤VE in the 1st sight(Completed)Where stories live. Discover now