Part-19 (Unicode)

9K 862 3
                                    

ကော်ရစ်တာတစ်လျှောက်သက်ဝေယံလျှောက်လာရင်းအခန်းနံပါတ်တွေကို သတိထားကြည့်နေသည်။306ဆိုသည့် ဂဏန်းလေးသုံးလုံးကိုတံခါးအပေါ်ဘက်တွင်ကပ်ထားသည်ကိုတွေ့သည်နှင့်သက်ဝေယံထိုအခန်းထဲသို့အမြန်ဝင်သွားလိုက်သည်..။သင်တန်းစချိန်ထက်နာရီဝက်လောက်နောက်ကျနေသည်လေ..။Projectorပေါ်ထောက်ပြရင်းစာသင်နေသည့် ဆရာမကိုခေါင်းလေးငုံ့ပြလိုက်တော့ဆရာမကဝင်ပါဆိုတဲ့သဘောနဲ့ခေါင်းဆတ်ပြသည်။သက်ဝေယံအခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်တော့..။ငင်...!!လှမ်းလက်စခြေလှမ်းတွေတောင်ရပ်ချင်သလိုလိုဖြစ်သွားသည်...။နောက်ဆုံးခုံတန်းရဲ့ပြတင်းပေါက်နားအစွန်ဆုံးမှာသက်ဝေယံကို ပြောင်စပ်စပ်မျက်နှာပေးနှင့်။ကြည့်နေသော လူတစ်ယောက်..။အမယ်!မျက်လုံးတစ်ဖက်တောင်မှိတ်ပြလိုက်သေး..။ဟူး.....သက်ဝေယံလေပူတစ်ချက်ကိုမူတ်ထုတ်ပစ်လိုက်သည်။ဒီလူကြီးကတော့ဘယ်လိုဖြစ်ပြီးသင်တန်းအထိပါလိုက်လာရတာပါလိမ့်..။အခုမှစတက်ရသောသင်တန်းမို့သူငယ်ချင်းကမရှိသေး။ထို့ကြောင့်သက်ဝေယံကျောပိုးအိတ်လေးကိုပြန်ပြင်လွယ်လိုက်ရင်းသူ့နားသွားထိုင်ဖို့ လုပ်လိုက်ပြီးကာမှမဖြစ်သေးပါဘူး!!အလကားနေရင်းဘဝင်ကမြင့်သွားအုံးမယ်သူ့နားသွားထိုင်ရင်..။တွေးမိတဲ့အတွေးနဲ့အတူမျက်နှာကိုခပ်တန်းတန်းထားပစ်လိုက်ပြီးလှမ်းမိတဲ့ခြေလှမ်းတွေကိုနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ကာဒုတိယတန်းမှာ ဝင်ထိုင်လိုက်သည်..။အဲ့လူကြီးမျက်နှာကြီးမည်းသွားတာကိုမျက်ဝန်းထောင့်စွန်းမှမြင်မိလိုက်တော့သက်ဝေယံ ကျေနပ်ပြုံးလေးပြုံးလိုက်မိသည်..။သူ့ကိုကလိရတာကိုသက်ဝေယံသဘောအကျဆုံး..။ပြီးခဲ့တဲ့တစ်ပတ်တည်းကသင်တန်းစဖွင့်သည်မို့သက်ဝေယံ လွတ်သွားတဲ့စာအုပ်တွေကိုဘေးကထိုင်တဲ့သူဆီကတောင်းနေရင်းနဲ့သူငယ်ချင်းတွေဖြစ်သွားလေသည်..။ဆရာမစာသင်နေတုန်းသူ့ဘက်ကို မသိမသာလေး မျက်လုံးလေးစွေကြည့်တော့မျက်နှာကိုစူပုပ်ပြီးစာသင်တာနားမထောင်ဘဲဟိုကြည့်ဒီကြည့်လုပ်နေလေသည်..။စာသင်နေတဲ့တလျှောက်လုံးသက်ဝေယံကသူ့ကိုလှည့်ကြည့်လိုက်သူကပြန်ကြည့်လိုက်နှင့်တစ်ခါတစ်လေ အကြည့်ချင်းဆုံသွားရင်သက်ဝေယံပူထူပြီးမျက်နှာအရင်လွှဲမိလိုက်သည်။Projectorပေါ်ကစာတွေကိုကြည့်နေရင်းတောင်သက်ဝေယံကိုသူကြည့်နေမည်မှန်းအလိုလိုခံစားရတော့ရင်ထဲကကြည်နူးနေမိသလိုလို..။အတန်းချိန်ပြီးတော့ဆရာမကProject & Prensentationကိစ္စအတွက် ရယောက်တစ်ဖွဲ့ အဖွဲ့တွေဖွဲ့ ဖို့ပြောပြီး ဆရာမကအခန်းထဲကထွက်သွားလေသည်။သက်ဝေယံတို့ဒုတိယတန်းနှင့်ပထမတန်းတို့Groupအဖြစ်ပေါင်းလိုက်ကြသည်။အကုန်လုံးကသက်ဝေယံထက်အသက်ကြီးကြသည်။အကိုကြီး ၁ယောက် အမကြီးက ၅ယောက်သက်ဝေယံနဲ့ဆို ရယောက်။

L❤VE in the 1st sight(Completed)Where stories live. Discover now