Love Reborn-3

30.7K 2.3K 224
                                    

အဝါရောင်နှစ်ထပ်တိုက်ပေါ်ကနေ
ကြောင်စီစီမျက်လုံးတွေနဲ့ ဝုန်းဒိုင်းကြဲ
ဆင်းချလာတဲ့ လူတစ်ယောက်

ဝတ်ထားတာက စွပ်ကျယ် အပြဲ
ဘောင်းဘီက အစုတ်..
ပုံစံကသူတောင်းစားသာသာ

ရေချိုးခန်းထဲကမှန်တွေ bathtubတွေမှာ
အဲ့ကလေးကိုအကောင်လိုက်ကြီးမြင်နေရရင်
တစ်ခါတည်း ရေဝေးတန်းရောက်နိုင်တာမို့
မျက်နှာသစ်ခြင်း ရေချိုးခြင်း
ဘာဆိုဘာမှမလုပ်နိုင်ခဲ့.
သည်မို့ဒီလိုပုံဖြစ်နေရခြင်း..

အိပ်ရာကထထချင်း
ဟိန်းထက်ယံ
ဟိုဟိုဒီဒီ ကိုယောင်လို့တောင်လှည့်မကြည့်ဘဲ.
ရှေ့တည့်တည့်ကိုသာကြည့်ရင်း
စာကြည့်ခန်းထဲမှ ခြံထဲထိ ဆင်းချလာ
ရသည့်ဘဝ...

အိမ်ပြင်ဘက်ရောက်တော့ ဟိန်းထက်ယံ
လေပူကြီးတမေ့တမောမူတ်ထုတ်ချပစ်
လိုက်သည်..

အိမ်မှာနေလို့ကိုမဖြစ်တော့
မြင်မြင်သမျှဟိုကလေးပုံရိပ်တွေချည်း...

မဖြစ်ဘူး...မဖြစ်ဘူး..
ငါကြာရင်ရူးမှာ..
Hotelမှာဘဲသွားနေတော့မယ်..

တွေးရင်းဟိန်းထက်ယံကားထဲအမြန်ဝင်ထိုင်ရင်း
စက်နိုးပစ်လိုက်သည်..

အိပ်မက်တွေထဲထိလိုက်လိုက်နှောင့်ယှက်နေလို့
လူကအိပ်ရေးမဝတော့
နဲနဲလဲကြောင်တောင်တောင် ဂေါက်တောက်တောက်
ဖြစ်ချင်နေသေးသည်..

ကားမောင်းနေလျက်နှင့်
FMခလုတ်ကိုဟိန်းထက်ယံ
ဖွင့်ချလိုက်သည်..

သီချင်းလေးနဲ့အတူ ညိမ့်မလို့ရှိသေး..

"မြတ်နိုးရတဲ့မင်းရဲ့အပြုံးဟန်လေး..
အမြဲဘဲတွေ့ချင်မိ...ရင်ထဲထိ.🎼."

ခွီး......
ဟိုသောက်ကလေးကိုမေ့မရပါဘူးဆိုနေ
သောက်လိုက်ကန်းဆိုးမသိတဲ့ သောက်FM
ဆီက လာနေသည်က
ဟိန်းထက်ယံ သူ့ကို သောက်crushစဉ်ဘဝတုန်းက
သောက်အFeelကြီးfeelခဲ့တဲ့ မိုးမိုးရဲ့ပြန်တွေးကြည့်..!!

"မင်းအကြည့်များ..
ဂန္တဝင်မြောက်လွန်းတဲ့ကမ္ဘာကျော်ပန်းချီလဲ
ရူံးရပြီ..🎶"

တော်ပြီ...တော်ပြီ..ကမ္ဘာကျော်ပန်းချီလဲရူံးမနေနဲ့..
အဲ့နဂါးကြည့်ကြည့်တာတွေကို
ခုများဖြင့် လန့်လွန်းလို့..

L❤VE in the 1st sight(Completed)Where stories live. Discover now