Love Reborn-1

45.1K 2.3K 457
                                    

"#^(($÷_£₩(#!×&*"

အသံတစ်ခုကနားထဲတိုးဝင်လာသည်နှင့်
အိပ်ယာပေါ်ကဆတ်ခနဲကောက်ထမိပြီး
သက်ဝေယံလက်ကအလိုလို
Ph alarmကို လှမ်းပိတ်ပစ်ပြီးသား..

Alarm ringtoneဟာ
တစ်ချိန်ကအရမ်းကြိုက်ခဲ့တဲ့သီချင်းလေး..
အခုတော့ ဘာမှတောင်ခံစားမနေနိုင်တော့

နာရီကိုကြည့်လိုက်တော့ ၆နာရီခွဲ
ညာဘက်ဘေးကိုကြည့်လိုက်တော့
တုပ်တုပ်တောင်မလူပ်တဲ့ဟိုလူကြီး..

ကိုယ်ပေါ်ကိုလာတင်ထားတဲ့သူ့လက်တစ်ဖက်ကို
ဆောင့်ဖယ်ပစ်လိုက်တော့
တစ်ဖက်လှည့်ပြီးပြန်တောင်အိပ်သွားသေး..

သူဘဲကောင်းတယ်..မသာကြီး..
ဒီအချိန်ထိသေနေနိုင်တုန်း..

စိတ်ထဲကခပ်တိုးတိုးကျိန်ဆဲနေမိသည်..

တစ်ချိန်ကစောင်ဖြူဖြူလေးထဲကွေးရင်း
နဖူးပြင်ကိုဖွဖွလေးလာနမ်းတဲ့morning kiss
တွေကိုလဲ စောင့်မနေနိုင်တော့..

အခုလဲ
နိုးတာနဲ့သက်ဝေယံ
ကုတင်ပေါ်ကသုတ်ခြေတင်ပြေးဆင်းရသည်..

ကိုယ့်မျက်နှာ ကိုယ်သစ်ရင်းနဲ့တင်
အဲ့လူကြီးအတွက် သွားတိုက်ဆေးနဲ့သွားတိုက်တံ
မျက်နှာသုတ်ပုဝါ အကုန်တစ်ခါတည်းပြင်ဆင်
ထားခဲ့ရသည်..

ပြီးတော့
ဘုရားခန်းကိုပြေးတက်ပြီး ဘုရားပန်းအိုး
လဲရသေးသည်..
ဘုရားကိုပုဆိန်ပေါက်သလိုသာဦးချနိုင်သည်..

ဘုရား..တရား..သံဃာ သုံးချက်..
အဲ့လောက်ဆိုရပြီ
မိဘ..ဆရာပါဖို့အချိန်မရဘူး..

ပြီးရင်ပြန်ပြေးဆင်းလာ
ထမင်းကြော်ကိုပူပူလောင်လောင်နဲ့ကြော်ပြီး
မနတ်စာကိုအသည်းအသန်ပြင်ဆင်နေတုန်းမှာပင်
မနတ်၇နာရီခွဲနေပြီ

၇နာရီခွဲပြီဆိုအိပ်ခန်းထဲပြန်ဝင်တော့
ဘိုးတော်ကအိပ်ရာပေါ်မရှိတော့..

ဟွန်း..ထုံးစံအတိုင်းသီချင်းလေးတအေးအေးနဲ့
စိမ်ပြေနပြေ ရေချိုးနေမှာပေါ့...!!

သူ့ကိုပေါက်ကွဲနေဖို့တောင်အချိန်သိပ်မရလိုက်
အိပ်ရာခင်းတွေကိုခပ်မြန်မြန်သိမ်းလိုက်ပြီး
သူ့အတွက်တဘတ်ကိုရေးချိုးခန်းက
သူ့လက်လှမ်းမှီမယ့်တန်းပေါ်တင်ပေးခဲ့ရသည်..

L❤VE in the 1st sight(Completed)Donde viven las historias. Descúbrelo ahora