Part-2 (Unicode)

16.1K 1.4K 39
                                    

"အခုဆိုရင်တော့ပထမနှစ် Fresherလေးများရဲ့ မိတ်ဆက်ပွဲပြီးဆုံးသွားပါပြီ"


ကြေညာသံကိုကြားလိုက်ရတဲ့အခါမှာဟိန်းထက်ယံတစ်ယောက် ဟာခနဲဖြစ်သွားသည်..။ဒီလောက်ထိစင်ပေါ်တက်လာတဲ့ Fresherမှန်သမျှကိုမျက်စိဒေါက်ထောက်ကြည့်နေတာတောင် သူမကိုအစလေးတောင်ရှာမတွေ့ခဲ့။ သွားပါပြီကွာ..ဟင့်..!ဘယ်နားကဘယ်လို သွားရှာရမည်မှန်းမသိတော့။


"ဘယ်မှာလဲ?မင်းရဲ့နတ်သမီးလေး!"


လူကရှာမတွေ့လို့ငိုချင်နေပါသည်ဆိုမှစိတ်တိုတိုနဲ့ဝင်းမြင့်ကိုဘု ကြည့် ကြည့်ပေးလိုက်ရင်း


"အဲ့တာမင်းလုပ်လို့!ခုနကမင်းနဲ့လေပေါနေတဲ့အချိန်သူစင်ပေါ်တက်သွားတာနေမှာပေါ့.."


"ဂါဝန်ကြီးနဲ့စင်ပေါ်တက်လာရင်ထင်းခနဲဖြစ်နေမှာဘဲကို..."


ဝင်းမြင့်ကပြောနေရင်း သူ့ကြက်ကြော်ဘူးကိုဖောက်စားနေလေသည်..။ သူပြောတာလဲဟုတ်သား။ ထင်းခနဲဖြစ်နေမှာ..။ 

အာ..မမြင်လိုက်တာလဲဖြစ်နိုင်တာဘဲကို..။ 

ပြန်ဖြေသိမ့်တွေးနေရင်း ဟိန်းထက်ယံတစ်ယောက်ကိုယ့်ကိုယ်ကိုနှစ်သိမ့်လိုက်ရသည်..။ဝင်းမြင့်ပြောသလိုသရဲမများလားအာ..မဟုတ်နိုင်ပါဘူး။ 


စိတ်ရူပ်ထွေးလာတာနဲ့တင် လက်ထဲမှာရှိနေတဲ့ကြက်ကြော်ဘူးလေးကိုစားချင်စိတ်မရှိတော့လို့ ဘေးကခုံပေါ်ပစ်တင်လိုက်သည်။ 


"ဟေ့..ဟေ့..မင်းမစားချင်ရင်ငါ့ကိုပေး..ပစ်မထားနဲ့"


ပါးစပ်ထဲမှာကြက်သားတွေပလုတ်ပလောင်းနဲ့ ဝင်းမြင့်က သူ့ကြက်ကြော်ဘူးကိုပါလှမ်းယူသွားသေးသည်..။ စောင်အငတ်ကတစ်မျိုး!လူကစိတ်အရမ်းကြည်နေသည်မဟုတ်။ စင်ပေါ်မှာ ဖျော်ဖြေရေးအနေနဲ့Danceကနေတဲ့လူတွေကိုလိုက်ကြည့်နေရသေးသည်။ သူလေးများပါလာမလားလို့ကြည့်သာကြည့်နေရသည်။ ရွှေအိုရောင်ဆံပင်ပိုင်ရှင်ဆိုလို့အစအနလေးတောင်မတွေ့ရ..

L❤VE in the 1st sight(Completed)Where stories live. Discover now