Part-5 (Unicode)

12.3K 1.2K 20
                                    


"ငမ်း တာလဲငမ်းပေါ့သယ်ထားရတဲ့sushiထုပ်ကိုလည်းလက်ထဲကလွတ်မကျအောင်သတိထားအုံး"


"ဘယ်မှာငမ်းနေလို့လဲ??"

ဝင်းမြင့်ကိုသာပြန်ပိတ်ပြောလိုက်ရတာ။ အကြည့်တွေက အနက်ရောင်နဲ့အဖြူရောင်စပ်ချုပ်ထားသော maid costumeလေးနှင့် အဲ့ကလေးဆီကကို ပြန်မခွာနိုင်..။ ဂါဝန်ကဒူးလောက်သာရှိပြီး ခြေစွပ်လေးနှင့် ရူးဖိနပ်လေးတွဲဝတ်ထားသည်။ ဆံပင်အနက်ရောင်ရှည်ရှည်.။ ဟွန်း...အဲ့ဆံပင်ကလဲအတုဘဲနေမှာ။ ခေါင်းပေါ်မှာဘီးကုတ်လေးနှင့် ကြောင်နားရွက်လေးတောင်တပ်ထားသေး..။ဘာမှသိပ်ပြင်ဆင်ထားပုံမရသည့် မျက်နှာနုနုဖတ်ဖတ်လေးမှာနူတ်ခမ်းနီပါးပါးလေးဆိုးထားသည်ကလဲချစ်ဖို့ကောင်းနေတာဘဲ..။ ဂါး.....ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ?အဲ့တာ..ငါ့ကိုအသေသတ်နေတာ။ငါ့ကိုအသေသတ်နေတာ။ မေ့သွားပြီလို့သတ်မှတ်ခဲ့မိသည့်ရင်ခုန်သံတွေကပြန်ပြီးစည်းချက်ကျမြန်ဆန်လာသည့် အပြင်ဒါယောကျင်္ားလေးဆိုတဲ့အသိကြီးကဟိန်းထက်ယံကိုပိုလို့တောင်နှိပ်စက်နေသည်။ ပူပြင်းလှတဲ့နေရောင်ကိုသူမော့ကြည့်ပြီး လက်ခုံလေးနှင့်နဖူးကချွေးတွေကိုသုတ်လိုက်သည်ကိုတွေ့တော့ ဘာမဆိုင်ညာမဆိုင် ECမကိုပင် ဒေါသထွက်သွားမိသည်။


"အဲ့လောက်နေပူနေတာကိုဟာ..မတ်တပ်ကြီးရပ်ပြီးရောင်းခိုင်းထားရက်တယ်နေရာလေးဘာလေးပြောင်းပေးတာမဟုတ်ဘူး.."


မကျေမနပ်နှင့်ပါးစပ်ကလွှတ်ခနဲထွက်သွားသည့် စကားကြောင့်ဝင်းမြင့်၏ ဘုကြည့်ကြည့်သောအကြည့် ကတန်းခနဲရောက်လာသည်နှင့်အတူ


"Sushiထုပ်တွေကိုသာမစမ်းပါ.."..........ဟူး...ပူလိုက်တာ..။နဖူးပေါ်ကနေတတောက်တောက်စီးကျနေတဲ့ချွေးတွေကို လက်နဲ့သုတ်နေလို့တောင် မပြီးသေး..။


"Sushi တွေကျန်သေးလားမသိဘူး"


Sushiနှင့်လက်မှတ်လာလဲသည့်သူတွေကရောက်လာလေတော့


L❤VE in the 1st sight(Completed)Where stories live. Discover now