
Começar do início
                                    

Chapter (18) – Livestream - တိုက်ရိုက်ထုတ်လွှင့်ခြင်း

ဒီသတ်မှတ်ချက်နဲ့ ကိုက်တဲ့လူကို စစ်ထုတ်လိုက်လျှင် တိုက်ခန်းရှင်၏အခန်းထဲက ဘီးတပ်ကုလားထိုင်ပေါ်က အဘိုးအိုသာရှိတော့သည်။

ဒါက စိတ်ရှုပ်စရာပဲ။ ဒီသတင်းခေါင်းစဉ်အရဆိုရင် တိုက်ခန်းပိုင်ရှင်က အဘိုးကြီးဖြစ်ရမယ်ဆိုပေမယ့် သူ့ကို ဆီးကြိုကာ နေရာချပေးသူက သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်နေသည်။ Chen Ge က နံရံကို နားဖြင့်ကပ်ကာ တစ်ဖက်ခန်းကအသံကို နားထောင်လိုက်ပေမယ့် TV အသံကိုသာ ကျယ်လောင်စွာကြားနေရသည်။ ဒီအသံများက ကုန်ပစ္စည်းကြော်ငြာသံများဖြစ်သည်။

ပုံမှန်ဆိုလျှင် TV ကြည့်ရှုသူများက ကြော်ငြာလာလျှင် အခြားလိုင်းကို ပြောင်းလေ့ရှိပေမယ့် တစ်ဖက်ခန်းကလူတွေက ဒီကြော်ငြာကို မိနစ်အတော်ကြာ လိုင်းမပြောင်းဘဲ ဆက်ကြည့်နေကြသည်။ Chen Ge က နံရံနားကိုပိုတိုးကပ်ကာ နားစွင့်ထားရင်း သူ တစ်ခုခုမေ့လျော့သည်ကို သတိရလိုရငြား အစောပိုင်းကမြင်ခဲ့ရသည်ကို ပြန်စဉ်းစားနေသည်။

သူ အခန်းထဲဝင်လာတဲ့အချိန်တုန်းက တစ်ဖက်ခန်းမှာ စကားပြောသံတွေကြားနေရပြီး ပန်ကန်ကွဲသံကြားရပြီးတော့ တိုက်ခန်းပိုင်ရှင်၏ အော်ဆူသံ ထွက်ပေါ်လာသည်။ ပြီးတော့ ရုတ်တရက် TV အသံကိုချဲ့လိုက်သည်။ ဘီးတပ်ကုလားထိုင်ပေါ်က လူကြီးက မလှုပ်ရှားနိုင်လို့ အသံချဲ့လိုက်သူက တိုက်ခန်းပိုင်ရှင်ပဲဖြစ်ရမည်။ ဘာကြောင့် သူက ဒီလိုလုပ်ရတာလဲ။

Chen Ge က သူ့ခေါင်းထဲ အတွေးတစ်ခုဖြစ်ပေါ်လာပြီး မျက်လုံးအစုံကို မှေးစင်းလိုက်သည်။ တိုက်ခန်းပိုင်ရှင်က အဘိုးကြီးကို မတရားနှိပ်စက်နေတာလား။ TV အသံက သူ တစ်စုံတစ်ခုရိုက်နှက်သံကို ဖုံးကွယ်ချင်လို့ အသံချဲ့လိုက်တာလား။

သူ ပိုစဉ်းစားလေ ပိုသံသယရှိလာလေဖြစ်သည်။ သူ ဒီအခန်းထဲကိုဝင်လာတော့မှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရတာ တိုက်ဆိုင်မနေဘူးလား။ ပန်းကန်ကျကွဲရုံနဲ့ တိုက်ခန်းပိုင်ရှင်က ဘာကြောင့် ဒီလောက်ဒေါသတကြီး ဖြစ်စရာလိုလို့လဲ။ ဒီဟာက သူ့ဆီက အကူအညီတောင်းတဲ့အနေနဲ့ အချက်ပြသံ မဖြစ်နိုင်ဘူးလား။ တိုက်ခန်းပိုင်ရှင်က ဒီပန်းကန်ကျကွဲသံကြောင့် ငါ သူတို့ကို စိတ်ဝင်စားလာမှာစိုးလို့ အရမ်းစိတ်ဆိုးနေတာ ဖြစ်နိုင်တာပဲ။

သူက ဘာကိုစိုးရိမ်နေတာလဲ။ အဘိုးကြီးက ဘာကြောင့် အကူအညီတောင်းခံနေတာလဲ။ Chen Ge က တွေးလေ အစောပိုင်းက သူသတိမထားလိုက်မိတာကို ပြန်သတိရလာလေဖြစ်သည်။ တိုက်ခန်းပိုင်ရှင်က အဘိုးကြီးကို ဆဲဆိုအော်ဟစ်ချိန်မှာ နိုင်ငံခြားဘာသာစကားကို ပြောဆိုရေရွတ်ခဲ့သည်။ သေဆုံးသွားတဲ့မိသားစုဝင်တွေ အားလုံးက ဒီဒေသခံတွေဖြစ်ကြပြီး ဒီတိုက်ခန်းပိုင်ရှင်က Jiu Jiang မြို့သားမဟုတ်ပေ။ ဒါဆို သူက အဘိုးကြီးနဲ့ ဆွေမျိုးသားချင်း မတော်စပ်လောက်ပေ။

သာမန်အားဖြင့်ဆိုလျှင် သွေးမတော်သားမစပ် လူတစ်ယောက်အတွက် ကိုယ့်ပိုင်ဆိုင်မှုကို ချန်ထားမည်မဟုတ်ပေ။ ဒါမှမဟုတ် ဒီခြေတစ်ဖက်ထော့နေတဲ့လူက အဘိုးကြီး၏ပိုင်ဆိုင်မှုကို မတရားသိမ်းပိုက်ထားပြီး သူက လောဘကြီးတဲ့ အစောင့်တစ်ယောက် ဖြစ်နေတာလား။ ဒီဟာသာ တကယ်မှန်ရင် သူက လောဘကြီးလွန်းတဲ့လူ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် ဖြစ်နိုင်သည်။ ဘယ်ဟာပဲဖြစ်ဖြစ် Chen Ge အတွက်တော့ အဆင်မပြေပေ။ Chen Ge က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒီလူက သူ့အခန်းတံခါးအပြင်ဘက်မှာ တံခါးမခေါက်ဘဲ တိတ်တိတ်လေးရပ်ပြီး နားစွင့်နေတာက သူဘယ်လောက်ရိပ်မိသွားပြီလဲဆိုတာ သိချင်လို့ လာချောင်းတာဖြစ်နိုင်သည်။

Chen Ge က ဒီအကြောင်းတွေတွေးပြီးတော့ နဖူးပေါ်မှာ ချွေးတွေစိုရွှဲလာတော့သည်။ သူက စုံထောက်တစ်ယောက်မဟုတ်ပေ။ အရင်က TV ထဲကလာသည့် စုံထောက်ဇာတ်ကားထဲက ဇာတ်လမ်းကို ကိုးကားပြီး ခုလို မှန်းဆနေရခြင်းသာဖြစ်သည်။

ငါ အခု လှုပ်ရှားသင့်လား..?

အခန်းထဲကို ရုတ်တရက်ပြေးဝင်ပြီး တိုက်ခန်းပိုင်ရှင် အငိုက်မိတုန်း သတိလစ်သွားအောင် တိုက်ခိုက်သင့်လား။

မဖြစ်နိုင်ဘူး။ ဒါက သိပ်ကို လောကြီးရာကျလွန်းတယ်။ အခု ငါတွေးနေတာတွေအားလုံးက လွဲသွားရင် ငါ့ကို ရေနွေးပူနဲ့ ပက်လိုက်နိုင်တယ်။

ဘက်စုံသုံးတူလေးကိုကိုင်၊ ဓားကိုအိတ်ထဲထည့်ပြီး Chen Ge က အခန်းကိုလှည့်ပတ်ပြီး လမ်းလျှောက်ရင်း တွေးနေမိသည်။

တိုက်ခန်းပိုင်ရှင်ဆီကို ငါ့ ID ကဒ်ပြန်သွားတောင်းလိုက်ရမလား။ ဒါလည်း မဖြစ်သေးဘူး။ ပေါ်တင်ကြီးလုပ်တာ အန္တရာယ်များလွန်းတယ်။ တကယ်ဆိုရင် ID ကဒ်က မကြာခင် ငါ့လက်ထဲ ပြန်ရောက်လာတော့မှာပဲ။ ပြီးတော့ ဒီလူက တစ်ယောက်တည်းမဟုတ်ဘဲ သူ့ကြံရာပါတွေရှိနေရင် ငါ့အတွက် ဘေးမကင်းဘူး။

ဒါ့အပြင် ငါ့ဆီမှာ သက်သေခိုင်ခိုင်မာမာ ဘာမှမရှိဘူး။ အားလုံးက မှန်းဆထားတာတွေချည်းပဲ။ ပြီးတော့ ငါလုပ်ရမှာက လွန်ခဲ့တဲ့ ၄ နှစ်ကျော်က လူသတ်သမားကို ရှာရမှာဖြစ်တယ်။ ဒါကြောင့် ဒီခြေထောက်တစ်ဖက်ထော့နေတဲ့လူက တိုက်ခန်းပိုင်ရှင် ဟုတ်မဟုတ်ဆိုတာထက် လူသတ်သမား ဘယ်သူဖြစ်နိုင်သလဲဆိုတာကို အာရုံပိုစိုက်သင့်တယ်။

Chen Ge က စိတ်မကောင်းဖြစ်နေတုန်း တစ်ဖက်ခန်းက TV သံက ရုတ်တရက်ရပ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဘာဖြစ်သွားတာလဲ..?

Chen Ge က တံခါးကိုအသာလေးဖွင့်ပြီး တံခါးအောက်ခြေကနေ ငုံ့ပြီး အပြင်ကိုကြည့်လိုက်တော့ ကော်ရစ်ဒါဘက်က မီးလုံးတစ်လုံးမှ လင်းလာတာမတွေ့ရပေ။ Chen Ge က ကိုယ်ကိုဝပ်တွားပြီး တံခါးကိုအသာလေးဖွင့်ကာ ကြမ်းပြင်ကနေ တွားသွားပြီး ဘေးခန်းကိုလာခဲ့သည်။ သူ့လက်ထဲတွင် ဘက်စုံသုံးတူကို ကိုင်ထားပြီး တံခါးနားကို သွားချောင်းလိုက်သည်။

ည ၈ နာရီပဲရှိသေးတယ် အိပ်ကြပြီလား...။

Chen Ge ရဲ့ပုံစံက သံသယဖြစ်စရာဖြစ်နေလို့ သူ့ကို ဘယ်သူမှ ချောင်းမကြည့်ဘူးဆိုတာ သေချာဖို့ ပတ်ဝန်းကျင်ကို သေချာလှည့်ပတ်ကြည့်ပြီး ဘက်စုံသုံးတူကို အိတ်ကပ်ထဲထည့်ပြီး သူ့အခန်းဆီကို တိတ်တဆိတ် ဝပ်ပြီး ပြန်လာခဲ့သည်။

တကယ်လို့ သူ့ကို ဒီအချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာပေးဖို့ ကျွမ်းကျင်သူတစ်ယောက် မရှိဘူးဆိုရင် ဒီသံသယတွေက 100% မမှန်နိုင်ဘူး။ Chen Ge က အိပ်ယာထက်မှာ လဲလျောင်းပြီး handphone ကိုဆွဲထုတ်လို့ ဆက်သွယ်ရန်လူစာရင်း contact list ကိုကြည့်လိုက်တော့ Xu Wan ကလွဲပြီး သူနဲ့စကားပြောဖူးသူ သိပ်မရှိတာ တွေ့လိုက်ရသည်။

ဘုရားရေ.. ငါက တော်တော်သစ္စာရှိတဲ့လူကြီးပါလား..။

Chen Ge စဉ်းစားကြည့်လိုက်တော့ သူနဲ့သိကျွမ်းသူ အနည်းငယ်ထဲက စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူဆိုလို့ သရဲအိမ်ထဲ သတိလစ်ခဲ့တဲ့ မှုခင်းဆိုင်ရာ ဆေးကျောင်းသား He San ပဲရှိသည်။

အခုကိစ္စမှာ He San က သူ့ထက်စာရင် ပိုပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးနိုင်သည်။ ဒါကြောင့် Chen Ge က Video Sharing application ကို ဖွင့်လိုက်တော့ သူ့ဆီကို စာအစောင် 20 လောက်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ကျပန်းတစ်ခုကိုဖွင့်လိုက်တော့ Website တစ်ခုက တီးလုံးတစ်ခုဖြစ်ပြီး သူတို့ရဲ့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ထားတာဖြစ်သည်။

ဒီလူတွေက ကင်းထောက်လုပ်ဖို့ ပါရမီရှိသူတွေလား။ Chen Ge က ဒီလိုအဖွဲ့ကိုကြည့်ဖို့ အချိန်မရလို့ message အတော်များများကိုကျော်ပြီး He San ရဲ့ ID ကိုရှာပြီး စကားပြောဖို့လုပ်ချိန်မှာ ဒီစုံစမ်းရေးအဖွဲ့က သူ့ဆီကို စာနောက်ထပ်တစ်စောင် ပို့ခဲ့သည်။

"မင်း အခု လိုင်းပေါ်ရှိနေလား.. ငါတို့ မင်းရဲ့ video ကိုမြင်ပြီးပြီ.. မင်းဆီမှာ အလားအလာ အတော်ရှိတယ်.."

"မင်း ငါတို့နဲ့ ပူးပေါင်းချင်စိတ်ရှိမယ်ဆိုရင် ငါတို့ အတော်လေး ဝမ်းသာသွားမိမှာပဲ.."

"မင်း ငါတို့နဲ့ ပူးပေါင်းရင် မင်းရဲ့ video ကို လူတွေပိုပြီးစိတ်ဝင်စားလာအောင်၊ တိုးမြှင့်နိုင်အောင် ငါတို့ platform က ထိပ်တန်း streamer တွေကို ဆက်သွယ်လို့ရပါတယ်.."

"တစ်ယောက်တည်းလုပ်ရတာ ခက်ခဲပါတယ်.. အွန်လိုင်းပေါ်က streamer အများစုက ယုံကြည်လို့မရပါဘူး.."

"ဒီဟာက အရမ်းကောင်းတဲ့ ကမ်းလှမ်းချက်ဖြစ်လို့ မင်း စဉ်းစားသင့်တယ်.."

"မင်း အွန်လိုင်းပေါ်မှာ ရှိနေလား.."

ဆက်တိုက်တက်လာတဲ့ message တွေက Chen Ge ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သူက လူလေးယောက်အသတ်ခံရတဲ့ တိုက်ခန်းတစ်ခုထဲမှာ လူသတ်သမားလက်ကနေလွတ်ပြီး ဒီတစ်ည အသက်ရှင်အောင်ကြိုးစားနေချိန်မှာ ဒီလူတွေက သူတို့ရဲ့ service ကို သူ့ကိုရောင်းဖို့ တောက်လျှောက်ကြိုးစားနေတာလား..?

"သေလိုက်.." လို့ Chen Ge က စာပြန်လိုက်သည်။

"ကောင်လေး.. မင်းက ရယ်စရာကောင်းတဲ့လူပဲ.. ငါတို့ studio ကို တစ်ချက်လောက် သေချာစဉ်းစားကြည့်ပါ.. မင်းရဲ့ video မှာ ငါတို့ studio ရဲ့တံဆိပ်ကို တပ်ဖို့အပြင် ဘာမှလုပ်စရာမလိုဘူး.. ငါတို့ဘက်က မင်းရဲ့ video ကို လူပိုကြည့်အောင် ကောင်းကောင်းကူညီပေးနိုင်တယ်.."

"ကျွန်တော် တောင်းပန်ပါတယ်.. အခုချိန် ကျွန်တော် ဒီလိုဟာကို ဘယ်လိုမှ စိတ်မဝင်စားသေးလို့ပါ.."

Chen Ge က အယဉ်ကျေးဆုံးနဲ့ စာပြန်လိုက်သည်။ တကယ်လို့ အခြားသူသာဆိုရင် ဆဲဆိုပြီး studio ကို blacklist ထဲထည့်လိုက်မှာ သေချာသည်။

"မင်းရဲ့ video လေးမှာ ဗိုင်းရပ်စ်ဝင်နိုင်တယ်.. ပြီးတော့ ဒီလို platform တစ်ခုမှာ video ပေါင်း ၂သန်းလောက်ကို လူတွေတင်နေကြတယ်ဆိုတာ သိရဲ့လား.. မင်းက ကံကောင်းတဲ့ video တွေထဲက တစ်ခုဖြစ်လို့ လူတွေကြည့်မိတာဖြစ်တယ်.. ဒီနေ့ခေတ်က လူတွေက အရံသင့်ရတဲ့အရာတွေကိုပဲ နှစ်သက်ပြီး စောင့်ဆိုင်းရတာကို သဘောမကျဘူး.. မင်းရဲ့ video ကို အသစ်ထပ်မတင်နိုင်ဘူးဆိုရင် တခြားလူတွေတင်တဲ့ စိတ်လှုပ်ရှားစရာ video တွေကြောင့် လူတွေရဲ့အာရုံက တခြားကိုရောက်သွားလိမ့်မယ်.. တကယ်လို့ မင်းရဲ့လုပ်ငန်းကို သေချာစီမံခန့်ခွဲမှု မရှိဘူးဆိုရင် စိတ်ဝင်စားစရာ အသစ်အဆန်းတွေကြားထဲ နစ်မြုပ်သွားလိမ့်မယ်.."

"ဒီအကြောင်းကို နောက်မှပြောပါ.. လောလောဆယ် ကျွန်တော် အလုပ်များနေလို့ပါ.."

Chen Ge က ပြန်ဖြေရင်း လိုက်ရှာလိုက်ရာ နောက်ဆုံး He San ရဲ့ ID ကို တွေ့သွားသည်။

"ငွေဝင်တာထက် ပိုအရေးကြီးတာ ဘာရှိသေးလို့လဲ.. တကယ်လို့ မင်း တွန့်ဆုတ်နေသေးရင် ငါတို့ ပူးပေါင်းမှုပုံစံသစ်ကို ကမ်းလှမ်းနိုင်ပါတယ်.. ဥပမာ မင်း video ရဲ့ အကြောင်းအရာနဲ့ ရိုက်ကူးတဲ့နည်းလမ်းကို ဝယ်ယူဖို့ ကမ်းလှမ်းနိုင်ပါတယ်.."

Chen Ge က ဒေါသထွက်လာပြီး တစ်ဖက်လူကို blacklist ထဲထည့်လိုက်ပြီး He San ကို စာပို့လိုက်သည်။

သူစာပို့ပြီး ချက်ချင်း He San က စာပြန်လာလို့ Chen Ge အံ့သြသွားသည်။

"သူဌေး.. ကျွန်တော်က ခင်ဗျား video အသစ်တင်မှာကို စောင့်နေတယ်ဗျ.."

"ခဏလေး.. ငါ မင်းကိုမေးဖို့ အရေးကြီးကိစ္စတစ်ခု ရှိတယ်.."

သူက He San ရဲ့ဖုန်းနံပါတ်ကိုရှာပြီး ဖုန်းဆက်လိုက်ပြီး လက်ရှိအခြေအနေကို အသံတိုးတိုးနဲ့ အကုန်ရှင်းပြလိုက်သည်။ ဖုန်းဆက်လိုက်ပြီး လက်ရှိအခြေအနေကို အသံတိုးတိုးနဲ့ အကုန်ရှင်းပြလိုက်သည်။

==============================

သရဲအိမ္ထဲမွ ဖူးစာရွင္Onde as histórias ganham vida. Descobre agora