(7) ခန်း လင်း ဟိုင်

4.2K 740 56
                                    

(Zawgyi Version)

" ကျုပ်​ ဥက္ကဌနဲ့ ​တွေ့ချင်​လို့ "

" ကြိုချိန်းထားတာလား ရှင့်​ ?? "

" အာ .. "

Reception ​ကောင်​တာက ဝန်​ထမ်းမ​လေး၏
ပြန်​အ​မေး​ကြောင့်​ ခန်း လင်း ဟိုင်​ ကို ကြိုဖုန်းမဆက်​ဘဲ
ကတိုက်​ကရိုက်​ ထွက်​လာမိခြင်းကို ဒန်​ နီ ရယ်​ အခုမှ
သတိရသွားသည်​ ။

အရင်​ ဒန်​ နီ ရယ်​ ကလည်း ခန်း လင်း ဟိုင်​ နှင့်​အတူ
တွဲပြီး လူမြင်​ကွင်း သိပ်​ထွက်​​လေ့မရှိ​​သော​ကြောင့်
အခုလို သာမာန်​ဝန်​ထမ်းငယ်​​လေးက သူမ​ရှေ့မှ
ချော​မောခန့်​ညားသည့်​အမျိုးသား​လေးသည်​ သူမတို့
ဥက္ကဌ၏ သက်​ဆိုင်​သူမှန်း ဘယ်​လိုလုပ်​ သိပါမည်​နည်း ။

" ငါက မင်းတို့သူ​ဌေးရဲ့ ​ယောကျာ်း " ဟု ဒဲ့​ပြောရ
အောင်​လည်း ဒန်​ နီ ရယ်​ ၏ အင်​မတိအင်​မတန်​မှ
ယောကျာ်းပီသလှ​သော မာနက​လေးက ထို့သို့​သော
မျက်​နှာပူစရာစကားမျိုးကို ​တွေးခွင့်​ပင်​ မ​ပေးပါ​ချေ ။

" Appointment မလုပ်ထား​ဘဲ ​တွေ့လို့မရဘူးလား
ဒန်​ နီ ရယ်​ လို့ ​ပြောလိုက်​ရင်​ သူ သိပါတယ်​ "

" ​တောင်းပန်​ပါတယ်​ ရှင့်​ "

သူကလည်း သူပါဘဲ ။ ဤကမ္ဘာ၏ လည်​ပတ်​မှု
လမ်း​ကြောင်းကို ကြိုတင်​​လေ့လာထားပါလျက်​နှင့်
တကယ်​တမ်းအပြင်​ထွက်​​တော့ ကိုယ့်​ကိုကိုယ်
ယုံကြည်​မှုလွန်​ကဲပြီး သက်​​တော်​​စောင့်​လည်း
မ​ခေါ်လာ .. ရန်​ ကျိုး ကိုလည်း အသိမ​ပေးဘဲ
တစ်​​ယောက်​တည်း ​ရောက်​လာပြီးမှ ခန်း လင်း ဟိုင်​နှင့်
ကြိုတင်​ချိန်းထားခြင်းမရှိတဲ့အတွက်​ ​တွေ့ခွင့်​မရဘူးတဲ့ ။

ပိုဆိုးသည်​က သူကလည်း အပြင်​သိပ်​မထွက်​သည်​မို့
ခန်း လင်း ဟိုင်​ နှင့်​ တကူးတကဖုန်းအဆက်​အသွယ်
မရှိခဲ့ သလို ခန်း လင်း ဟိုင်​ ကလည်း များ​သောအားဖြင့်
အိမ်​ကိုဖုန်းဆက်​လျှင်​ ရန်​ ကျိုး က​နေသာ တစ်​ဆင့်
အဆက်​အသွယ်​ လုပ်​သည်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Tempat cerita menjadi hidup. Temukan sekarang