(16) ဒီလူ က ဥာဏ်​များလွန်းတယ်

1.8K 296 19
                                    

[Zawgyi Version]

ဟိုင်းနမ်​ ၏ ​ခေါင်း​ဆောင်​အသစ်​ခန့်​အပ်​ပွဲမှာ ထင်​ထား
သည်​ထက်​ ပို ပြင်းထန်​ပြီး ကန့်​ကွက်​မှုလည်းများ၏ ။

လူတိုင်းက လူဆိုးလူမိုက်​အသွင်​အပြင်​မျိုးရှိပြီး မသိလျှင်
မာဖီးယားဂိုဏ်း ​၏ အစည်းအ​ဝေးပွဲနှင့်​​တောင်
ဆင်​တူ​နေသည်​ ။

အထင်​​သေး ရှုံ့ချချင်​တဲ့အကြည့်​​ပေါင်းများစွာ ​ရှေ့တွင်
ဒန်​နီရယ်​ ရပ်​​နေရ​ပေမဲ့ အနည်းငယ်​မျှ​ကြောက်​လန့်
တုန်​လှုပ်​ခြင်းမရှိ ။

စစ်​သူကြီးဘဝတုန်းက ဒီထက်​ရက်​စက်​ခက်​ထန်​တဲ့
စစ်​သည်​​တော်​​တွေကို အမိန့်​​ပေးအုပ်​ချုပ်​ခဲ့ရတာ​လေ
ဤ လူမိုက်​​လောက်​​လေး​တွေကို သူ့လိုစစ်​နတ်​ဘုရားက
ကြောက်​စရာလား !?

ပြောရမယ်​ဆို သူတို့ဟာ ရဲရင့်​တဲ့စစ်​သည်​​တော်​​တွေလို့
နား​ထောင်​​ကောင်း​အောင်​ ဂုဏ်​ပြုထား​ပေမဲ့
တကယ်တမ်း တစ်​တိုင်းပြည်​လုံးက သူတို့ကို
အကြင်​နာတရားမရှိတဲ့လူသတ်​စက်​​တွေလို့ဘဲ ကွယ်​ရာ
သတ်​မှတ်​ထားကြတာ ..

သူတို့၏အရှင်​သခင်​ကအစ ..
တိုင်းပြည်​ကို ကာကွယ်​​ပေးတဲ့ သူရဲ​ကောင်းများ လို
သ​ဘောထားပြီး ​လေးစားချစ်​ခင်​ခြင်းမရှိဘဲ သွေးလွှမ်း
စစ်​​မြေပြင်​ကိုနှစ်​ခြိုက်​တဲ့ လူသတ်​စက်​များ ဟုသာ
သတ်​မှတ်​ပြီး အချိန်​မ​ရွေး​တော်​လှန်​ပုန်​ကန်​နိုင်​တဲ့
သံသယစိတ်​များသာထားခဲ့သည်​ ။

ထို့်​​ကြောင့်​လည်း သူ စစ်​ပွဲအတွင်းလုပ်​ကြံခံခဲ့ရတာ
ပေါ့ ..

ထိုသို့​သော တိုင်းပြည်​၏အရှင်​သခင်​​တောင်​​ကြောက်​ရတဲ့
လူသတ်​စက်​ကြီးက ဤ ရာဂဏန်း​တောင်​မပြည့်​သည့်
လူမိုက်​သာသာ သာမာန်​လူ​တွေကို ​ဂရုစိုက်​ရမည်​တဲ့
လား !??

ဟာသ ဘဲ !!! ဒန်​နီရယ်​ သာ ဆန္ဒရှိရင်​ ရှိသမျှသူအကုန်
လုံးကို မိနစ်​ပိုင်းအတွင်း အ​သေသတ်​နိုင်တယ်​ ။
စစ်​​မြေပြင်​တွင်​ ရန်​သူကို သနားညှာတာခြင်းမရှိရ ။
သူမသတ်​ခင်​ ကိုယ်​အရင်​သတ်​ရမယ်​ဆိုတဲ့ ဥပ​ဒေသက
ရိုက်​သွင်းခံထားရပြီးသားမို့ ဒန်​နီရယ်​ သည်​ ဘယ်​​သော
အခါမှ ရန်​သူကို အရှင်​မထားပါ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Onde as histórias ganham vida. Descobre agora