(2) ဒန်​နီရယ်​ ဂင်

4.4K 673 12
                                    

(Zawgyi Version)

" ဒယ်​ ဒီ .. ချီ "

သူ ​လှေကားထစ်​များ၏ ​အောက်​​ဆုံးတစ်​ထစ်​သို့
ခြေချချချင်း သူ့​ရှေ့ လှစ်​ခနဲ​ရောက်​လာ​သော
က​လေး​လေး .. ။

တစ်​ပတ်​​ကျော်​နှစ်​ပတ်​နီးပါး ဘဝအသစ်​ ခန္ဓာအသစ်​ကို
မနည်း ကျင့်​သားရ​အောင်​ လုပ်​ယူပြီးသည့်​တိုင်
ထိုက​လေး​လေးကိုမြင်​သည်​နှင့်​ သူ ​ရှောင်​​ပြေးသည်​က
များလှ၏ ။ 

ဒယ်​ ဒီ ဆိုတာ သူ့ကို​ခေါ်တာဖြစ်​ပြီး ဒယ်​ဒီဆိုတဲ့
သူက ထိုက​လေး​လေး၏ အ​ဖေဖြစ်​သည်​ ။

အရင်​ဘဝက​ အနှစ်​သုံးဆယ်​​ကျော်​ စစ်​​မြေပြင်​တွင်​သာ
အ​နေများပြီး မည်​သည့်​မိန်းမနှင့်​မှမပတ်​သတ်​ခဲ့သည့်
သူက ဘဝအသစ်​တွင်​ က​လေးတစ်​​ယောက်​အ​ဖေ
ဖြစ်​​နေသတဲ့ ။

" ဟိုင်​ ဟိုင်​ .. ဒယ်​ ဒီ က ​နေ​ကောင်းသေးတာ
မဟုတ်​ဘူး​လေ ။ သွားမရှုပ်​နဲ့ တီ​ဗီလာကြည့်​ "

ပြီး​တော့ ထိုလူ ။
သူ နိုးနိုးချင်း ​ပထမဆုံး​တွေ့ဖူးသည့်​ ထိုလူက
သူ့အိမ်​​ထောင်​ဖက်​တဲ့ !! သိသိချင်း ပြန်​​သေဖို့ ​တောင်
တွေးလိုက်​​သေးသည်​ ။ ဟိုဘဝက မိ​န်းမ​တွေနဲ့
မပတ်​သတ်​ခဲ့ဖူးဆို​ပေမဲ့ ​ယောကျာ်း​တွေကိုစိတ်​ဝင်​စား
တယ်​လို့လည်းမဆိုလိုဘူး​လေ ။ တိုင်းပြည်​ကို ကာကွယ်​မဲ့
အသိစိတ်​တစ်​ခုတည်းဘဲ ရှိပြီး အခြားကိစ္စ​တွေ
မစဉ်းစားမိခဲ့လို့သာ သူ တစ်​ကိုယ်​တည်းလူပျိုကြီး
ဖြစ်​​နေရခြင်း ။

သို့်​သော်​ .. အခု​တော့ က​လေးတစ်​​ယောက်​အ​ဖေ
ဖြစ်​ရုံတင်​မက​သေး ​ယောကျာ်းချင်းလည်း
လက်​ထပ်​ထား​သေးသည်​ ။

ဘဝသစ်​ကြီးက ​နေ​ပျော်​လှသည်​မဟုတ်​ ။

" သားက ဒယ်​ ဒီ့ ကို လွမ်း​နေတာကို "

ထို​​လှေကား​အောက်​ဆုံးထစ်​တွင်​ တုတ်​တုတ်​မလှုပ်​သည့်
သူ နှင့်​ သူ့​ရှေ့တွင်​လည်း ​​ခေါင်း​လေးငုံ့ပြီး အသံ​သေး​သေး
ဒယ်​ဒီချင်းထပ်​​နေသည့်​ ခန်း ချင်း ဟိုင်​ ​လေးသည်
မိနစ်​ပိုင်းကြာသည်​အထိ မလှုပ်​ရှားဘဲ ရပ်​​နေကြဆဲ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now