(4) အ​ဖေနှင့်​သား အတူအိပ်​ခြင်း

4.6K 835 45
                                    

(Zawgyi Version)

ခန်း လင်း ဟိုင်​ ခရီးထွက်​သွားသည်​မှာ
တစ်​ပတ်​ပြည့်​​တော့မည်​ဖြစ်​​သော်​ငြား သူမှလွဲ၍
အခြားသူများထံသို့ တစ်​​နေ့ကိုဆယ်​ကြိမ်​ထက်​မနည်း
ဖုန်းဆက်​ကာ စစ်​​ဆေး​မေးမြန်းတက်​သည်​ ။

သား ဖြစ်​သူ အ​ကြောင်းနှင့်​ ဒန်​ နီ ရယ်​ ပြဿ     နာရှာ
သေးလား ဟူ​သော​မေးခွန်းများဖြစ်​​ကြောင်း မည်​သူမှ
မ​ပြောလျှင်​​တောင်​ သိ​နေသည်​မို့ ဤရက်​ပိုင်းအတွင်း
ချင်း ဟိုင်​ ​လေးနှင့်​နီးနီးကပ်​ကပ်​​နေခြင်းနှင့်​ ​ချင်း ဟိုင်​​လေး
မူကြိုသွား​နေသည့်​ ​နေ့အချိန်​များ၌ ဤကမ္ဘာကြီးအ​ကြောင်း
ကို ပိုသိနိုင်​ရန်​ ရှာ​ဖွေမှတ်​သားဖတ်​ရှုသည့်​အလုပ်​များဖြင့်
သာ သူ့ တစ်​​နေ့တာကို အချိန်​ကုန်​​စေ၏ ။

မိုဘိုင်းလ်​ဖုန်းနှင့်​ လက်​​တော့ ကွန်​ပျူ တာတို့ကို
သူ ကျွမ်းကျွမ်းကျင်​ကျင်​သုံးတက်​လာသည့်​အပြင်
ချင်း ဟိုင်​ ​လေးနှင့်​ဖြစ်​​စေ သူတစ်​​ယောက်​တည်းဖြစ်​​စေ
အပြင်​ထွက်​ သွားလာလည်​ပတ်​တက်​​နေပြီဖြစ်​သည်​ ။

မူလ ဒန်​ နီ ရယ်​ က​ခေတ်​သစ်​ကလူမို့ အခု​နောက်​ပိုင်း
သူ့ ဦး​နှောက်​များကိုများများအလုပ်​​ပေးလျှင်​ အရင်
ဒန်​နီရယ်​၏ ကြီးကြီးမားမားမှတ်​ဥာဏ်​များမှလွဲ
လူတစ်​​ယောက်​အတွက်​ ​နေ့စဉ်​အသက်​ရှင်​ရန်
လိုအပ်​​သောအချက်​အလက်​ အ​သေးအမွှား​လေးများကို
အလွယ်​တကူမှတ်​မိလာသည်​ ။ ဤအချက်​က သူ့အတွက်
အ​တော်​​လေးကိုအ​ထောက်​အကူပြု၏ ။ ထို့အပြင်
သူ့အရင်​ဘဝကလည်း တရုတ်​ပြည်​ကြီးတွင်​လူဖြစ်​ခဲ့၍
ဘာသာစကားတွင်​ လုံးဝအခက်​အခဲမရှိပါ​ချေ ။
ယခု​ခေတ်​အသုံးအနှုန်းနှင့်​ ​ရှေး​ခေတ်​အသုံးအနှုန်းတို့၏
အ​ပြောင်းအလဲများကို ​လေ့လာလိုက်လျှင်​ သူက
အရင်​ဒန်​နီရယ်​ထက်​​တောင်​ တရုတ်​စကားကို
ကျွမ်းကျင်​စွာ ​ပို​ပြောတက်​လာသည်​ ။

အရင်​ ဒန်​ နီ ရယ်​ က ကိုရီးယားအ​မေရိကန်​ကပြားမို့
နောက်​ထပ်​ဘာသာစကားနှစ်​​ခု​တောင်​ အဆစ်​ပါလိုက်
သေး၏ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now