(1) ပြန်​လည်​​မွေးဖွားခြင်း

12.9K 737 14
                                    

(Zawgyi Version)

သူ ​သေဆုံးခဲ့တယ်​ ။
နောင်​​တ​တွေ မယုံကြည်​နိုင်​မှု​တွေ ​ဒေါသ​တွေ
အာဃာတ​တွေကို ​ပွေ့ပိုက်​ရင်း လူယုံသတ်​လို့
သူ ​သေဆုံးခဲ့ရတာဘဲ .. ။

အောင်​မြင်​​ကျော်​ကြားပြီး သြဇာအာဏာကြီးမားလာခဲ့တဲ့
သူ့ကို အရှင်​သခင်​ဖြစ်​သူကိုယ်​တိုင်​က သူ့ထီးနန်းပုလ္လင်
အား ပုန်​ကန်​လုယုမည်​ကို သံသယဝင်​စိုးရိမ်​ပြီး ​သေ​သေ
ချာချာအကွက်​ချစီစဉ်​ပြီး လုပ်​ကြံခဲ့သည်​ ။

သူ အယုံကြည်​ရဆုံး သူ့လက်​​ထောက်​က သူ့နှလုံးသားကို
ဓားနဲ့ထိုးစိုက်​ပြီး သစ္စာ​ဖောက်​ခြင်းခံရ​တော့မှ သူ
ဒီနှစ်​​တွေထဲ စိတ်​​အေးလက်​​အေး သတိလက်​လွှတ်
နေခဲ့မှုများကို ​နောင်​တအကြီးအကျယ်​ ရ၏ ။

အသက်​နှင့်​ခန္ဓာကိုယ်​ကို တိုင်းပြည်​နှင့်​အရှင်​သခင်​ဖြစ်​သူထံ အလုံးစုံမြှုပ်​နှံခဲ့တာ အခုလို စစ်​​မြေပြင်​အလယ်
ရန်​သူ့ဓားချက်​နဲ့မ​သေဘဲ လူယုံသတ်​လို့အ​သေခံဖို့လား ..။

သူ့ ​နောက်​ဆုံးထွက်​သက်​အထိ တစ်​ဖက်​က
သစ္စာ​ဖောက်​ရက်​သည့်​ အရှင်​သခင်​ကို နာကျည်းမိသလို
တစ်​ဖက်​ကလည်း အခုအချိန်​အထိ နယ်​​မြေငြိမ်းချမ်းမှု
မရှိ​သေး​သော တိုင်းပြည်​အ​ပေါ် စိုးရိမ်​စိတ်​ဝင်​မိ​နေတုန်း
ပါဘဲ ။

သေအံမူးမူးဖြစ်​​တော့မှဘဲ လူတိုင်းအ​ပေါ် မယုံကြည်​သင့်
အပ်​​ကြောင်း ကိုယ့်​ဒူးကို​ယ်​​တောင်​မယုံရသည့်​​လောက
တွင်​ သတိရှိရှိနှင့်​ ကိုယ့်​လုပ်​နိုင်​စွမ်းကို မထုတ်​ပြဘဲ
သိုသိပ်​စွာ​နေသင့်​​ကြောင်း သင်​ခန်းစာရခဲ့၏ ။

" ဒယ်​ ဒီ !! ဒယ်​ ဒီ နိုးလာပါ​တော့ !!! "

သူ့ ဝမ်း​ဗိုက်​​ပေါ် တစ်​စုံတစ်​​ယောက်​တက်​ပြီးခုန်​​နေသလို
ခံစားချက်​​ကြောင့်​နှင့်​ ငယ်​ရွယ်​ပြီးချစ်​စရာ​ကောင်းလွန်း
သောအသံ​သေး​သေး​လေး​ကြောင့်​ ဝိုးတိုးဝါးတား
အသိစိတ်​နှင့်​ဘဲ သူ့ မျက်​လုံးများကို ဖွင့်​လိုက်​သည်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now