(6) မိသားစု ​တွေ့ဆုံပွဲ

4K 738 26
                                    

(Zawgyi Version)

်" ဒန်​ နီ ရယ်​ "

ကား​ပေါ်မှဆင်းရန်​ပြင်​​နေသည့်​ ဒန်​ နီ ရယ်​ မှာ
ခန်း လင်း ဟိုင်​ ၏ ​ခေါ်သံ​ကြောင့်​ ​နောက်​ပြန်​လှည့်​ကြည့်
ပြီး ဘာလဲ ဟု ​မေးဆပ်​ပြလိုက်​​တော့ သူ့ ​ရှေ့ ကို လက်​​စွပ်
တစ်​ကွင်း ​ထောင်​ပြ​လေသည်​ ။

" ဘာလဲ ?? "

ဤဘဝနှင့်​အ​တော်​​လေးလိုက်​​လျောညီ​ထွေဖြစ်​လာပြီ
ဆို​ပေမဲ့ လုံးဝ အသားကျသွားခြင်း​တော့ မဟုတ်​​ပေ ။

ထို့​ကြောင့်​ ခန်း လင်း ဟိုင်​ လက်​ထဲကလက်​စွပ်
အ​ကြောင်းကို သူ နားမလည်​ခြင်းဖြစ်​သည်​ ။
အ​ကြောင်းပြချက်​မရှိဘဲ အလကားသက်​သက်​​တော့
ခန်း လင်း ဟိုင်​ က ထိုလက်​စွပ်​ကိုထုတ်​ပြမှာမဟုတ်​မှန်း
ဒန်​ နီ ရယ်​ ရိပ်​မိသည့်​အတွက်​ မျက်​​မှောင့်​အနည်းငယ်​ကျုံ့
ကာ အ​သေအ​ကြေ စဉ်းစားလိုက်​​ပေမဲ့ စိတ်​ရှုပ်​​ထွေး
သွားသည်​သာအဖက်​တင်​ပြီး ဘာမှထွက်​မလာ​ပေ ။

သူက ဒန်​ နီ ရယ်​ ဖြစ်​​နေပြီဆို​တော့ တစ်​ဖက်​လူ၏
သံသယဝင်​ခြင်းမခံရ​အောင်​ အတက်​နိုင်​ဆုံး ကြိုးစားထား
သော်​ငြား ကိစ္စတိုင်းက ထင်​သ​လောက်​မလွယ်​​ချေ ။

အခုလည်း သူ့ ကို ​စေ့​စေ့စပ်​စပ်​အကဲခတ်​​နေသည့်
ခန်း လင်း ဟိုင်​ ၏အကြည့်​​အောက်​ ဒန်​ နီ ရယ်
ချောင်းတစ်​ချက်​ဟန့်​ရင်း အပြုအမူကိုပြန်​ထိန်းလိုက်​ရ၏ ။

ကံ​ကောင်းသည်​က တစ်​ဖက်​လူမှာ သူ့ကို
အချိန်​ကြာကြာ အခက်​​တွေ့​အောင်​ မလုပ်​ဘဲ
လက်​စွပ်​​ကိုင်​ထားသည့်​လက်​​ဘေးတွင်​ ​နောက်​လက်​တစ်
ဖက်​ကို ​ထောင်​ပြပြီး လက်​သန်းကြွယ်​ကို လှုပ်​ပြသည်​ ။

ထိုအခါမှ ဤ ကမ္ဘာ၏ ဓ​လေ့ထုံးစံ တစ်​ခုကို
ပြေးသတိရလိုက်​သည်​ ။ လူနှစ်​ဦးတွင်​ တူညီ​သော
လက်​စွပ်​တစ်​ကွင်းစီရှိ​နေလျှင်​ ​စေ့စပ်​ထားပြီးသား
သို့တည်းမဟုတ်​ လက်​ထပ်​ထားပြီးသား ဟု လူတိုင်း
အလွယ်​တကူသိ​စေနိုင်​သည်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now