(11) ကိုယ့်​အပိုင်​မှန်​သမျှက မင်းအတွက်

2K 338 22
                                    

(Zawgyi Version)






ဒန်​ နီ ရယ်​ ၏ သိသာထင်​ရှားစွာ​ပြောင်းလဲလာခြင်းများ
ကို အများဆုံး ဝမ်းသာ​ကျေနပ်​​နေကြသူများက​တော့
ခန်းသားအဖပင်​ ဖြစ်​​ချေ၏ ။

ဒန်​ နီ ရယ်​ က ​စိတ်​ဆိုး​ဒေါသထွက်​လွယ်​တဲ့သူမဟုတ်​တဲ့
အပြင်​ သူ စိတ်​မသက်​မသာဖြစ်​​နေလျှင်​​တောင်​ ဟန်​မပျက်
သူ့ကိုယ်​သူထိန်းချုပ်​နိုင်​စွမ်းအပြည့်​ရှိ​သော​ကြောင့်​ သား
ဖြစ်​သူ ခန်းချင်းဟိုင်​ မည်​မျှတွယ်​ကပ်​​နေပါ​စေ
စိတ်​ရှုပ်​တာမျိုးမပြသလို အမှန်​တကယ်​လည်း ချင်း ဟိုင်
လေးကို ဒန်​ နီ ရယ်​ က တအားစိတ်​ရှည်​သည်းခံ​ပေး
သည်​ ။

ဒန်​ နီ ရယ်​ ကလည်း အခု​နောက်​ပိုင်း အလုပ်​ကိစ္စနှင့်
မအားလပ်​လျှင်​​တောင်​မှ ချင်း ​ဟိုင်​ ​လေးကို ​သေချာ
အချိန်​​ပေးပြီး ​အတူ​ဆော့ကစား​ပေးသည်​ ။ စာပြ​ပေး
သည်​ ။

ဖခင်​ က ပညာ​ရေးနှင့်​ပတ်သတ်ပြီးတင်းကျပ်​ထား
သည်​ကလွဲ ကျန်​တဲ့အချိန်​ဆို သားအဖနှစ်​​ယောက်​မှာ
အ​တော်​​လေး အ​စေးကပ်​၏ ။ ချင်း ဟိုင်​ ကလည်း
သူ့အ​ဖေ မည်​မျှပင်​အလိုလိုက်​ထားပါ​စေ ဒန်​ နီ ရယ်
စာပြသည့်​အချိန်​တိုင်း အ​လေးအနက်​ထားသည်​ ။
ဂျီကျစိတ်​​ကောက်​ခြင်းမရှိဘဲ ဒန်​ နီ ရယ်​ ချမှတ်​ထားသည့်
ပညာ​ရေးနှင့်​ပတ်​သတ်​​သောစည်းကမ်းချက်​မှန်​သမျှကို
လိုက်​နာ​လေးစားသည်​ ။

ခန်း ချင်း ဟိုင်​ ​လေးမှာ ငယ်​ရွယ်​​သေး​ပေမဲ့
ဖခင်​နှစ်​ဦး၏​ကောင်းမွန်​​သောမျိုးရိုး​ဗီဇ​ကြောင့်
ထက်​မြက်​ပြီး အကင်းပါး၏ ။ ဘယ်​အချိန်​ဆိုးရမလဲ
ဘယ်​အချိန်​မှာ လိ​မ္မာအလိုက်​သိရမလဲ ဆိုတာကို
ရွေးချယ်​တက်​သည်​ ။

ထို့​ကြောင့်​လည်း သူ့ အ​ဖေ ခန်းလင်းဟိုင်​ က
မတရားသည်းသည်းလှုပ်​​နေခြင်းပင်​ ။

" ဟိုင်​ ဟိုင်​ .. ဒယ်​ ဒီ ဘာ​ပြောထားလဲ ??
အိမ်​စာပြီးရင်​ လက်​​ရေးလှကျင့်​ရမယ်​​လေ "

" ဒါ​ပေမဲ့ ဒယ်​ ဒီ ကလည်း .. သား က .. "

အထွန့်​တက်​ချင်​​သေးသည့်​ ချင်းဟိုင်​​လေးမှာ
ဒန်​ နီ ရယ်​ ၏ အကြည့်​စူးစူးတစ်​ချက်​ကိုရလိုက်​သည်​နှင့်
ချက်​ချင်းပင်​ လိမ္မာယဉ်​​ကျေးသည့်​က​လေးငယ်​​လေးလို
ဖြစ်​သွားပြီး လက်​​ရေးလှ​ရေးကျင့်​ရန်​ အာရုံ​ပြောင်းသွား
တော့သည်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Kde žijí příběhy. Začni objevovat