(13) ပြန်​​ပေးဆွဲခံရခြင်း

1.5K 262 17
                                    

[Zawgyi Version]




" နိုးပြီလား ?? "

အေးစက်​ပြီး စပ်​ဖျင်းဖျင်းနိုင်​​သော ခံစားချက်​​ကြောင့်
ခေါင်းတစ်​ချက်​ခါပြီး ဒန်​နီရယ်​ ထထိုင်​လိုက်​သည်​ ။
မူး​ဝေ​နေဆဲ ဦး​ခေါင်းနှင့်​ ​ဝေဝါး​နေသည့်​အမြင်​အာရုံ
က သူ့၏ဦး​နှောက်​ကို ခဏတာ​ဗလာဖြစ်​​စေ၏ ။

သေချာ​ပေါက်​ သူ ဟိုင်​ဟိုင့်​ အတွက်​ ပီဇာထွက်​လာတာ
ပါ ။ လမ်းမှာ ကား​မောင်းရင်း ဟိုင်​ဟိုင်​နဲ့​တောင်​ ဖုန်း
ပြော​နေ​သေးသည်​ ။

ထို့​နောက်​တွင်​ .. ​နောက်​​ယောင်​ခံလိုက်​လာတဲ့ ကား
တစ်​စီးကို ဖုန်း​ပြောရင်းသတိထားမိလိုက်​၍ မျက်​​ခြေဖျက်
ဖို့​တောင်​ သူ ကားကို အရှိန်​တင်​လိုက်​ မိ​သေး ၏ ။

သူ့လို ​​ရှေးကျသည့်​ကမ္ဘာမှ လူမျိုးအတွက်​ ကျွမ်းကျွမ်းကျင်
ကားမောင်းနိုင်​ဖို့ဆိုတာ ဒီ​ခေတ်​လူများကို မယှဉ်​နိုင်
သေး​ပေမဲ့ ဒန်နီရယ်​ ၏ သူ့ကိုယ်​သူ ယုံကြည်​ချက်​ခိုင်​မာမှုအရ ​​မည်​သည့်​အခက်​အခဲမှ ရှိမ​နေ ။

ဒန်​နီရယ်​ သည်​ အန္တာရယ်​ကို​ကြောက်​ရွံ့တက်​သူမဟုတ်
သလို  အ​တွေ့အကြုံအသစ်​အဆန်းများကို ရင်​ဆိုင်​ဖို့
ကိုလည်း ​တွေ​ဝေတက်​သူမဟုတ်​ပါ ။ 

သူ မ​ရောက်​ဖူး​သေးသည့်​​နေရာတစ်​ခုတွင်​ဖြစ်​လင့်​ကစား
ပြီးပြည့်​စုံမှုမရှိ​သေး​သောအတက်​ပညာတစ်​ခုကို
ထုတ်​သုံး​နေရတဲ့အချိန်​ဖြစ်​လင့်​ကစား ဒန်​ နီ ရယ့်​ အတွက်
အ​ကြောက်​တရားဆိုတာ စကားလုံးတစ်​လုံးသာသာ ,သာ
ရှိခဲ့၏ ။

သို့​သော်​ တစ်​ဖက်​ရန်​သူမှာ ဇွဲကြီးကြီးနှင့်​ နှစ်​ဦးနှစ်​ဖက်
ထိခိုက်​ဒဏ်​ရာရလျှင်​​တောင်​ ဂရုမစိုက်​သလို သူ့ကား​ရှေ့
ဖြတ်​ဝင်​ကာ ပိတ်​ရပ်​ခဲ့သည်​ ။ အချိန်​မှီဘရိတ်​အုပ်​ဖို့
ကြိုးစားခဲ့​ပေမဲ့ အနည်းငယ်​လွဲ​ချော်​မှုဖြစ်​ကာ ပိတ်​ရပ်​ထားတဲ့ကားကို အရှိန်​ပြင်းစွာဝင်​တိုက်​မိသွားသည်​ ။ ပုံမှန်​ဆို
သာမာန်​ထိခိုက်​ဒဏ်​ရာ​လောက်​ကို သူ မမှု​ပေမဲ့ သူ
စက္ကန့်​ပိုင်းအတွင်း မူး​ဝေသတိလွှတ်​သွားတုန်း ​မေ့​ဆေးအုပ်
ကာ အဖမ်းခံခဲ့ရ၏ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Donde viven las historias. Descúbrelo ahora