(3) သားသား​လေး ချင်း ဟိုင်

4.1K 672 23
                                    

(Zawgyi Version)

သူ့သားတစ်​ခုခုဖြစ်​လျှင်​ မင်း အ​သေ ဘဲဟူ​သော
ခြိမ်း​ခြောက်​စကားမ​ပြောရုံတမယ်​ သူ ​လေဆိပ်​မဆင်းခင်
အထိ ဒန်​ နီ ရယ့်​ ကို အမျိုးမျိုး​သောသတိ​ပေးသည့်​အကြည့်
များနှင့်​ အားရ​အောင်​ ​ခြောက်​လန့်​ပြီးမှ သူ့သား၏
ပါးနှစ်​ဖက်​ကို တရွှတ်​ရွှတ်​ နမ်းနှုတ်​ဆက်​ ကာ
ထွက်​သွား​လေသည်​ ။

အမြဲတမ်း သံသယအကြည့်​ မနှစ်​မြို့​သောအပြုအမူများနှင့်
သူ့အား မျက်​စိ​ဒေါက်​​ထောက်​​စောင့်​ကြည့်​မည့်​သူ
မရှိ​တော့လည်း သူ သက်​​သောင့်​သက်​သာ ​အေး​ဆေး
နားလို့ရပြီ​ပေါ့ ။

" ဒယ်​ ဒီ .. သား ပီဇာစားချင်​တယ်​ "

" ပီဇာ !!?? "

ဤရက်​ပိုင်းအတွင်း မကြားဖူး​သေး​သော စကားလုံး
အသစ်​အဆန်းဖြစ်​​သော​ကြောင့်​ ​ထိုပီဇာဟူ​သော စားစရာ
အ​ကြောင်း​ကို ဤရက်​ပိုင်းအတွင်း သုံးပုံသုံးနည်းအစအဆုံး
ပြန်​သင်​ထားရသည့်​ ဖုန်းအားဖွင့်​ပြီး ရိုက်​ရှာရ​တော့၏ ။

ခေတ်​ကာလကွာခြားမှုကြီးက သူ့ အား အ​တော်​​လေး
ဒုက္ခ​ပေးလှပါသည်​ ။ ​တစ်​ခုခုဆို သူ၏နားလည်​နိုင်​စွမ်းက
ဤ​ခေတ်​လူများထက်​ အများကြီးနိမ့်​​နေ​သေးသည်​ ။
မူလပိုင်​ရှင်​၏မှတ်​ဥာဏ်​အကုန်​လုံး ပြန်​ရလျှင်​​တော့
အဆင်​​ပြေနိုင်​​ပေမဲ့ လက်​ရှိ​တွင်​ ဆယ်​ပုံ,ပုံလို့ တစ်​ပုံ​တောင်
အနိုင်​နိုင်​ဖြစ်​​နေသည့်​အခါ ဘဝအသစ်​တွင်
ကြိုးစားရှင်​သန်​ချင်​စိတ်​က​လေးကို သွားသွားထိခိုက်​​စေ၏ ။

" ဒယ်​ ဒီ .. သွားကြမယ်​​လေ ။ သားတို့ အပြင်​ထွက်
ပီဇာစားကြမယ်​​လေ "

သည်းကြီးမည်းကြီး ဖုန်းနှိပ်​​နေသည့်​သူ့ကို
က​လေး​ပေါက်​စန​လေးက စိတ်​မရှည်​ဟန်​နှင့်​ သူ့လက်​ကို
လှုပ်​ရမ်းပြီး အပြင်​ထွက်​ရန်​ ဂျီကျ​လေ​တော့သည်​ ။

" ဒယ်​ ဒီ လို့ .. "

ချင်း ဟိုင်​ ​လေးကို အလိုလိုက်​ချင်​လျှင်​​တောင်
ဤ ခြံဝင်း​အပြင်​ထွက်​ပြီး သူ မရင်းနှီးသည့်​အပြင်​​လောက
သို့ ​ခြေချရန်​စိတ်​မပြင်​ဆင်​ရ​သေးသလို ကြုံ​တွေ့ရမည့်
ဖြစ်​ရပ်​များ၏​ကောင်းကျိုးဆိုးကျိုးများစွာ​ကြောင့်​လည်း
အပြင်​ထွက်​သင့်​ မထွက်​သင့်​ကို ချင့်​ချိန်​​နေရသည်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now