(5) ​နောက်​ထပ်​ အခွင့်​အ​ရေး

4.1K 748 33
                                    

(Zawgyi Version)

" ချင်း ဟိုင်​ ​ဆေးလိမ်းရမယ်​​လေ .. ငြိမ်​ငြိမ်​​နေ "

တက်​ကြွကာ လှုပ်​ရွနိုင်​လွန်းသည့်​ ခန်း ချင်း ဟိုင်​ ​လေး
သည်​ ​နောက်​ဆုံး​တော့ ဒန်​ နီ ရယ့်​ ဆီမှ အဆူခံလိုက်
ရပါပြီ ။

မူကြို​ကျောင်းမှ ပြန်​​ရောက်​သည်​နှင့်​ ဧည့်​ခန်းဆိုဖာတွင်
အကျအန​နေရာယူကာ တီ​ဗီထိုင်​ကြည့်​တက်​သည့်
ခန်း ချင်း ဟိုင်​ ကို သူကိုယ်​တိုင်​ ​ရေချိုး​ပေး အဝတ်​အစား
လဲ​ပေးရသည်​ ။ မဟုတ်​လျှင်​ က​လေးငယ်​​လေးက
တီ​ဗီကြည့်​ဖို့ဘဲ စိတ်​အားထက်​သန်​သွားပြီး အခြား
ဘာအလုပ်​မှမလုပ်​​တော့​ပေ ။

ထို့​ကြောင့်​ ..
ဒန်​ နီ ရယ်​ မှာ တစ်​​နေကုန်​အားလပ်​​ပြီး
ခန်း ချင်း ဟိုင်​ ပြန်​​ရောက်​သည်​နှင့်​ ​ရေချိုးဖို့
အဝတ်​အစားလဲဖို့ အစာစားဖို့ နို့​သောက်​ဖို့ကို
ချော့တလှည့်​ ​ခြောက်​တလှည့်​ ​နှင့်​ ​ဒေါင်​ချာစိုင်း
အလုပ်​များရ​တော့သည်​ ။ တစ်​ပတ်​လုံးလုံး ဒန်​ နီ ရယ်​၏
အလိုလိုက်​ခြင်းခံထားရသည့်​ ခန်း ချင်း ဟိုင်​​လေးမှာလည်း
ဆိုးလို့ရသည်​နှင့်​ ဂျစ်​တိုက်​​တော့၏ ။

အခုလည်း ​သူ့​ပေါင်​​ပေါ်တင်​ပြီး ​ဆေးလိမ်း​ပေးဖို့ကို
အလိမ်းမခံဘဲ တစ်​ကိုယ်​လုံး တွန့်​လိမ်​​နေသဖြင့်
စိတ်​ရှည်​ပါသည်​ဆို​သော ဒန်​ နီ ရယ်​ ​ထံမှ ဆူပူသံများ
ထွက်​လာသည်​ ။

ထိုအသံအား ခရီးမှပြန်​​ရောက်​ပြီးအိမ်​ထဲဝင်​လာသည့်
ခန်း လင်း ဟိုင်​ တစ်​​ယောက်​ကြားသွားပြီး သူ့သားကို
ဒန်​ နီ ရယ်​ က ဆူပူ​နေပါသည်​ဟု တစ်​ထစ်​ချ​တွေးကာ
ဧည့်​ခန်းဆီသို့ ​ခြေလှမ်းကျယ်​များဖြင့်​ ​လျှောက်​လာသည်​ ။

ခန်း လင်း ဟိုင်​ ပြန်​​ရောက်​​နေ​ကြောင်းကို မသိ​သေး​သော
သားအဖနှစ်​​ယောက်​က​တော့ ​ဆေးတစ်​ခါလိမ်းဖို့ကို
စစ်​ခင်း​နေသည့်​နှယ်​ ဒန်​ နီ ရယ်​ ၏ ​မျက်​နှာမှာ
အ​သေအချာကို အာရုံစူးစိုက်​​နေဟန်​ ရှိ၏ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now