(9) မင်္ဂလာနှစ်​ပတ်​လည်​ လက်​​ဆောင်

4.2K 714 70
                                    

Zawgyi Version


" ခင်​​ဗျား ဒီ​နေ့ နားရက်​လား "

" တမင်​ နားတာ "

" ​အော်​ .. "

နှဖူး​မှသည်​ ​မေးရိုးအထိ စီးကျ​နေသည့်​ ​ချွေးစက်​များကို
ပုဝါသန့်​သန့်​တစ်​ထည်​ဖြင့်​ အကြမ်းပတမ်းသုတ်​ရင်း
သူ့ထံ မျက်​လုံး​စွေ့ကြည့်​ပြီး ​မေးလာသဖြင့်​ ခန်း လင်း ဟိုင်
၏ မူလ က ​နေ့လည်​ခင်းပိုင်းမှ ကုမ္ပဏီသွားရန်​ စဉ်းစား
ထားသည့်​အ​တွေး​လေးမှာ ချက်​ချင်းပင်​ နားရက်​ထံသို့
ကူး​ပြောင်းသွားသည်​ ။

" ခင်​ ​ဗျား ​ရော ကျုပ်​နဲ့ တစ်​ပွဲ​လောက်​ စမ်းမလား "

မနက်​ခင်း၏ ​လင်းလက်​​တောက်​ပပြီး​နွေး​ထွေး​နေသည့်
လေထုမှာ မျက်​စိ​ရှေ့မှာ ​ချွေးတစ်​လုံးလုံးနှင့်
တက်​ကြွ​နေ​သော အမျိုးသားငယ်​​လေး​ကြောင့်​ ရုပ်​ချည်းပင်
အပူချိန်​မြင့်​တက်​သွားပြီး ခန်း လင်း ဟိုင်​ ၏ ပုံမှန်​နှလုံးခုန်
နှုန်းမှာလည်း တစ်​ဒိတ်​ဒိတ်​နှင့်​​သွေးတိုးသကဲ့သို့
လှုပ်​ရှားမှုများ မြန်​ဆန်​လာသည်​ ။

" မင်း က ငါနဲ့ လက်​ရည်​စမ်းချင်​တာလား ??
ကြို​ပြောမယ်​​နော်​ ငါက ငယ်​ငယ်​ကတည်းက
အတိုက်​အခိုက်​အသတ်​အပုတ်​ကစားနည်း​တွေနဲ့ဘဲ
ကစားလာတာ "

" အဲ့ဒါ​ကြောင့်​ ကျုပ်​ အရည်​အချင်းကို သိချင်​လို့
ခင်​​ဗျား ကို စိန်​​ခေါ်တာ​ပေါ့ "

ဒန်​ နီ ရယ်​ ၏ ​ပြောင်းလဲသွားသည့်​အကျင့်​များထဲတွင်
ထိုသို့​သော ပွင့်​လင်းမှုများလည်း ပါသည်​ ။ အရင်​ကဆို
သူနှင့်​စကားစမြည်​​ပြောဖို့​တောင်​ စိတ်​ကူးမရှိသည့်
ထိုအမျိုးသားငယ်​​လေးက မ​တော်​တဆမှုဖြစ်​အပြီး
သုံး​လေးလအကြာတွင်​ ဖခင်​တစ်​​ယောက်​တာဝန်​ကို
အပြည့်​အဝ တာဝန်​ယူနိုင်​လာရုံသာမက သူနှင့်​လည်း
စကားများများ​ပြောလာ၏ ။ သို့​သော်​ လုံးဝ တစ်​ခြားသူ
တစ်​​ယောက်​ကဲသို့ ​ပြောင်းလဲခြင်းမျိုး​တော့မဟုတ်​​ပေ ။
တစ်​ချို့အကျင့်​ဆိုးများ ​ပျောက်​သွားသည့်​တိုင်​ ​တစ်​ချို့မှာမူ
ကျန်​ရှိ​နေဆဲပင်​ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Where stories live. Discover now