"အဲ ခိခ်ခိခ်"
သမီးကတော့ တခိခ်ခိခ်နဲ့ ရေလှိုင်းလေးတွေ ရွေ့လျားနေတာကိုကြည့်ရတာ ပျော်နေသည့်ပုံ။
"သမီးက နောက်အပတ်ထဲ ၁နှစ်ပြည့်ပြီကိုကြီး နာမည်ကိုတော့ ဘတ်ဝူလို့ပေးထားတယ် ချစ်ဖို့ကောင်းတယ်မို့လား"
"သမီးက ကျွန်တော့်သမီးဆိုလည်း မမှားပေမယ့် သမီးရဲ့ဖခင်နေရာကတော့ အကို့ကိုမပျောက်ပျက်စေရပါဘူး အကို့အမည်ပါ သမီးနဲ့ဆိုင်တဲ့အချက်အလက်တွေတိုင်းမှာ ထည့်ပေးမှာပါ"
"ပြီးတော့လေ ကျွန်တော် ကိုကြီးအတွက်လုပ်စရာရှိတာတွေ ရှင်းစရာရှိတာတွေ အကုန်ရှင်းပြီးပါပြီ အခု ကိုကြီးကိုသတ်တဲ့လူလည်း သူ့အပြစ်နဲ့သူသွားပြီမို့ ကိုကြီးလည်းစိတ်အေးချမ်းစွာ နေပါတော့နော်"
"ကျွန်တော် အကိုဝူရီဖန်ကို တစ်ခွက်ငှဲ့ပေးမယ်"
အကိုချန်းယောလ်က ဆိုဂျူးတစ်ခွက်ယူကာ ထည့်လိုက်ပြီး ရိုရိုသေသေပြန်ချပေးလိုက်တော့ ပြေပြေလေးရိုက်ခတ်လာတဲ့လှိုင်းနဲ့အတူပြန်ပါသွားသည်။
"ကဲပြီးပြီဆိုတော့ ဂါဝရပြုကြစို့"
အကိုဆူဟိုကပြောတော့ အားလုံးစီစီရီရီပြင်ရပ်လိုက်ကာ
"ကျွန်တော်တို့ အရင်ကမတွေ့ခဲ့ဖူးပေမဲ့လည်း အကို့ကို ဂါဝရပြုပါတယ်"
အားလုံးဂါဝရပြုပြီးတော့
"ကျွန်တော်တို့အားလုံး အခုမိသားစုလို ဖြစ်နေပြီ ဘတ်ဟျွန်းလေးလဲ ဒီအသိုင်းအ၀န်းထဲရောက်နေပြီမို့ စိတ်ချပြီး ကောင်းရာကိုသွားပါတော့"
အေးသွဲ့သွဲ့ လေညင်းလေးတိုက်ခတ်နေသလို လှပတဲ့တိမ်ဆိုင်လေးတွေရွေ့လျားနေတာကပဲ ကိုကြီးက ကျွန်တော်တို့ အားလုံးကိုနှုတ်ဆက်နေသလိုပင်။
***********************
"ဘတ်ဟျွန်း မျက်နှာကဖြူစုတ်စုတ်နဲ့ နေမကောင်းဘူးလား"
"ကောင်းပါတယ် အကိုမင်ဆော့ရဲ့"
မီးမီးကို ကလေးတွန်းလှည်းလေးထဲထည့်တွန်းကာ ဆိုင်ဆီလမ်းလျှောက်လာတဲ့ဘတ်ဟျွန်းက ကြည့်ရတာ ဖြူဖျော့ဖျော့မို့ မင်ဆော့မေးလိုက်တော့ နဖူးပေါ်က ချွေးသီးတွေကိုသုတ်ရင်းပြန်ဖြေလာသူ၊ ကြည့်ရတာမအီမသာပုံနဲ့။