26 uni
1.6K 123 6
"အကိုဘတ်ဟျွန်း ခဏ ဆေးရုံသွားတော့မလို့လား"
"အွမ်း ဂျုံအင်ရော အလုပ်မသွားဘူးလား"
သမီးကို အကို့ဆီပေးကာ ဆေးရုံက်ိုသွားဖို့ခပ်သွက်သွက်ထွက်အလာ အဆာပြေလှည်းနား ဆယ်ဟွန်းနဲ့ထိုင်နေတဲ့ဂျုံအင်ကခေါ်နေတာမို့သွားလိုက်တော့
"ရော့ အကို "
ကမ်းပေးလာတဲ့ ဂျုံအင့်လက်ထဲက ခပ်မဲမဲအရာလေးကိုနားမလည်သလိုလေးကြည့်ကာ စူးစမ်းသလိုနဲ့ဂျုံအင့်ကိုကြည့်လိုက်မိသည်။
"ဒါအသံဖမ်းစက် အကိုဘတ်ဟျွန်း"
"အော် ဘယ်လိုလုပ်ရမှာလဲ"
"ဟိုကောင်မလေး အခန်းထဲ တပ်ထားဖို့တဲ့"
"အော်"
ဆယ်ဟွန်းအပြောကို ခေါင်းညိတ်ကာထောက်ခံလိုက်ပြီး
"ကုတင်အောက်ဖြစ်ဖြစ် ဗီရိုဘေးဖြစ်ဖြစ် မသိမသာလေး တပ်ထားလိုက်"
"ဘာလို့"
"ဘာလို့ဆို ကျွန်တော့်စိတ်ထင်ဒီရက်ထဲ တစ်ခုခုထူးမယ်ထင်တယ်။ ကျွန်တော် ဟိုဦးလေးဆိုတဲ့သူကို လောပေးလိုက်တယ်။ ဒီရက်ထဲအရင် ဥက္ကဋ္ဌဟောင်းက်ိုဖြုတ်ချဖို့။ ဘယ်လိုနေနေ ဒါလေးတပ်ထားတော့ တစ်ခုခုဆို အကိုဘတ်ဟျွန်းအတွက်လည်းစိတ်ချရတာပေါ့ "
"အွမ်း ဂျုံအင် ကျေးဇူးပါနော်။ အကိုသေချာ သတိထားလိုက်မယ်"
"ဖိုက်တင်း အကိုဘတ်ဟျွန်း"
အကိုဘတ်ဟျွန်း ထွက်သွားတာနဲ့ ဆယ်ဟွန်းလည်း ဂျုံအင့်ကို အင်္ကျီသေချာအကျအနပြန်ပြင်ပေးလိုက်ကာ
"ကဲ ကိုကိုဝက်ဝံ အလုပ်သွားတော့နော်"
"ဟုတ်ပါပြီ ချစ်ချစ်ကြက်ပေါက်လေးရဲ့ မွမွ"
ဖက်
၂ယောက်သား ချစ်ကြည်နူးတစ်တီတူးနေတုန်း အကြင်နာအနမ်းလေးပေးမလို့ကို ၂ကိုယ်ကြားမျက်နှာရှေ့ခံလာတဲ့ လက်ဖဝါးတစ်ဖက်ကြောင့် အမြန်ခွာလိုက်ရသည်။
"ဟာ အကိုဆူဟိုကလည်း"
ဘေးကနေတောင့်တောင့်ကြီးနဲ့ တည်တည်ကြီးရပ်နေတဲ့ အကိုဆူဟိုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားရကာ