1 zaw
13.4K 429 13
"ကျေးဇူးပါ ခုတော့ဆိုင်သိမ်းတော့မှာမို့ နောက်နေ့တွေလည်း လာအားပေးလို့ရပါတယ်ဗျ"
"ဟ ဟျောင့် ငါတို့က ဘယ်ကနေဘယ်လို ဘယ်လိုပြန်ပြီးဘယ်ကနေပြန်ရောက် အယ်"
"အာ လာပါကွာသားကြီးရာ သူများဆိုင်ပိတ်ရတော့မှာကို"
"အေးပါကွာလာပါပြီ တာ့တာ"
"ကောင်းကောင်းပြန်ပါခင်ဗျ"
ဆိုင်တံခါးတွေပိတ်ရင်း နောက်ဆုံးလက်ကျန် ဧည့်သည်ကို ဆိုင်သိမ်းပြီဖြစ်ကြောင်း အသိပေးတော့ နည်းနည်းရစ်ချင်နေတာ တော်သေးလို့ ဘေးလူတွေပါလို့ နို့မို့တစ်ယောက်တည်း မူးနေတဲ့သူဆိုရင် အဆင်မပြေ။ အရက်ဆိုင်လိုလည်းမဟုတ် တစ်ကိုယ်တည်းသမား ကိုယ့်ဝမ်းကိုယ်ကျောင်းကာ အိမ်မှာရှိတဲ့အခန်းတိုင်းကိုလည်း တစ်ခန်းဆီမှာအငှားတင်သလို အိမ်နဲ့မလှမ်းမကမ်း  ရှေ့ကမြေကွက်လပ်လေးမှာ နည်းနည်းပါးပါး ကိုယ်ချက်တတ်တဲ့အမယ်လေးနဲ့ ဆိုဂျူးလေးပါ ဆိုင်ခန်းလေးဆောက်ပြီး ရပ်ကွက်ဆိုင်လေးဖွင့်ကာ ရောင်းဖြစ်သည်။
ဆိုင်ထဲရှိ စားပွဲဝိုင်းတွေကို သုတ်ကာတခါတည်း သန့်ရှင်းရေးလုပ်လိုက်သည်။ မီးဖိုထဲက မီးကြွင်းမီးကျန်ကိုစစ်ပြီးနောက် ကျန်နေသော ဆိုင်တံခါးကိုပိတ်ဖို့အသွား ဆိုင်နဲ့မလှမ်းမကမ်းမှာ ဖြူလုံးလုံး လူပုံစံလေး မြေပြင်မှာလဲနေတာမို့ အပြေးသွားကြည့်မိသည်။
"အ အ့"
အနားရောက်တော့ အနည်းငယ်စူနေသော ဗိုက်ကလေးကို ကိုင်ကာ ညည်းနေသော ပုပုဖြူဖြူလုံးလုံးကောင်လေး။
"ဟို ညီ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"
"အ  ဗိုက် ဗိုက်က နည်းနည်း နာနေလို့"
မျက်နှာလေး အနည်းငယ်ရဲနေကာပြောလာသူကြောင့် ကြည့်ရတာလည်း မကောင်းတဲ့သူမဟုတ်လောက်။ ဘေးပတ်ပတ်လည်ကြည့်တော့လည်း လမ်းမီးတိုင်တစ်ခုသာရှိကာလူသွားလူလာလည်း မရှိတော့တာမို့
"လာ လာ ညီ ထ ဖြေးဖြေး ရှေ့ကအကို့ဆိုင်ထဲ သွားရအောင်"
"အ ဟုတ် ကျေး ကျေးဇူးပါ"