**********
"အမ မပြန်နဲ့ဦးနော်"
"အေးပါ။ ငါလည်းမပြန်သေးပါဘူး။ နင့်အကိုလည်း မအားသေးတော့ ပျင်းနေတာ"
အင်္ဂလန်ကို အပြောင်းကျပြီးကတည်းက မတွေ့ရတဲ့ ကျောင်းတုန်းက စီနီယာအမနဲ့ အကို အလည် ပြန်ရောက်လာတာမို့ အမကအိမ်အလည်လာနေခြင်း။
"အကိုကလည်းဗျာ အလည်ခဏ ပြန်လာတာကို ဘာလို့အလုပ်ကြီးနဲ့လဲ"
"မပြောချင်ပါဘူးဟယ် သူတို့အသိအမှုကို အကြံပေးဆိုလားပဲ သိတဲ့အတိုင်း နင့်အကိုနဲ့ ငါနဲ့ကတစ်ယောက် အလုပ် တစ်ယောက်သိကြတာမဟုတ်ဘူး"
မျက်စိရှေ့က ရယ်ရယ်မောမော ပြောနေတဲ့ အမက တကယ့်နာမည်ကြီးရှေ့နေကြီးလို့ပင် မထင်ရ။ ကလေးတစ်ယောက်လိုပင်။ အားကျရပါတယ်၊ အမတို့လင်မယားကို။ ၂ယောက်လုံးက အလုပ်ကိုခွဲခြားထားတာမို့ တစ်ခါတစ်လေတောင် တရားခံနဲ့တရားလိုရှေ့နေအဖြစ်နဲ့ အချင်းချင်းဆော်နေကြတာ။
"အမယ် ဘာပြုံးစိပြုံးစ်ိ ဖြစ်နေရပြန်တာလဲ"
"ဟက် ရယ်ချင်လို့ပါ အမရယ်။ ကျွန်တော်ပထမဆုံး လိုက်တဲ့အမှုတုန်းက ဒီလောက်အမတို့လမ်းကြောင်းပေးတာတောင် ကျွန်တော်လွဲခဲ့တာလေ"
"တကယ် နင်က အူတူတူပါဆ်ို။ ဒီလောက် သူ့အကြည်တွေက လိမ်နေမှန်းသိရက်နဲ့ တလွဲကြီးလုပ်ချလိုက်တာ ဟားဟား"
"အမနော်"
"ဒါနဲ့ နင်က တစ်ယောက်တည်းပဲ နေတော့မှာလား"
အမဘက်က အရင်စကား စလာတာမို့ တစ်ယောက်တည်း ကြိတ်တွေးနေရတာတွေကို ရင်ဖွင့်လိုက်တော့သည်။
"ကျွန်တော်လေ ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားနေတာ။ သဘောကျတယ်လို့ ပြောရမလား၊ မသေချာဘူး"
"ဘာကြီးလဲ နင်က"
အမက ရှုံ့မဲ့ကာပြန်ပြောလာတာမို့ကိုယ့်ကိုရွံသွားပြီလားဆိုတဲ့ စိတ်နဲ့ အသံတိတ်ကာနေမိသည်။
"ဖွင့်ပြောလိုက်လေဟယ်။ တွဲကြည့်ပေါ့။ ချစ်ရင်အတည်ယူလိုက်"
"ဒါမဲ့ သူ သူက ကောင်လေး"
"ကောင်လေးက ဘာဖြစ်လဲ။ ငါတောင်နင်တို့ကြည့်ပြီး ယောက်ျားဖြစ်ချင်နေတာ "
![](https://img.wattpad.com/cover/220601863-288-k774704.jpg)
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ
31 uni
Start from the beginning