အပိုင်း ၃၆ (ဇာတ်သိမ်း)

22.4K 1K 117
                                    

Unicode

ဘ၀မှာ ဘယ်တုန်းကမှ ဒီလောက်ထိ အောက်ကျမခံဖူးဘူး...
တသက်လုံးခေါင်းမော့ရင်ကော့ပြီး နေလာခဲ့သမျှ အခုတော့ မျက်နှာငယ်လေးနှင့် ခေါင်းကိုငုံ့ကာ ဒူးထောက်မတတ် ရိုရိုကျိုးကျိုးနေနေရသည်...

မင်းအတွက်​မို့ပေါ့ အချစ်ရယ်...

သူတို့လည်း အံ့သြနေကြပုံရပြီး ဘာစကားမှမပြောနိူင်...

'အဟမ်း... မင်း ပြောပုံအရဆို တကယ်ပဲ ငါတို့သမီးက... အဲ... ရောင်စဉ်က မိန်းကလေးချင်း...'

'ဟုတ်ကဲ့... ဟို... အဲ့ဒီအတွက် သူ့ကို အပြစ်မမြင်ကြပါနဲ့... သဘောမတူဘူးဆိုရင်တောင် သူ့ကိုဘာမှမပြောပါနဲ့... ကျမကိုပဲ အပြစ်တင်ပါ... အခုလို လာခွင့်တောင်းတာကိုလည်း သူမသိပါဘူး...'

'နေ..နေပါဦး... အငယ်လေးကကော သဘောတူရဲ့လား...'

'ဟုတ်ကဲ့.. အန်တီငယ်လေးက လက်ခံပေးပါတယ်...'

သူတို့ဆိုတာက ရောင်စဉ်ရဲ့ မိဘတွေဖြစ်ပြီး ရောင်စဉ်နဲ့လက်တွဲခွင့်ရဖို့ အခုလောက်အောက်ကျနောက်ကျခံနေရခြင်းဖြစ်သည်...

နှိုင်း တော်တော်ကြာသည်အထိ ရှာနေတာတောင် မတွေ့ခဲ့သည့် လိပ်စာကတော့ Chen က ပို့ပေးလိုက်တာ...
အဲ့ဒီနေ့က စိတ်ဆိုးမာန်ဆိုးနဲ့ထွက်လာခဲ့တာ အနောက်ကို တချက်မှလှည့်မကြည့်ခဲ့ပေမဲ့ Chen ကတော့ နှိုင်းရဲ့ဖုန်းထဲကို လိပ်စာလေးတခု ပို့ပေးခဲ့သည်...

'အေးကွာ.. အံ့သြလွန်းလို့ ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး... တို့က LGBT ကို လက်ခံတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ့်သားသမီးဆိုတော့ လက်ခံပေးဖို့ရာ တော်တော်လေးကိုခက်ခဲတာပဲကွ...'

'နှိုင်း သူ့ကိုပျော်အောင်ထားမှာပါ... တလောကလုံးကလူတွေအားလုံးထက် သူပျော်နေစေရမယ်လို့ ကတိပေးပါတယ်.. အဲ့ဒါကြောင့်မို့ ကျေးဇူးပြုပြီး လက်ခံပေးကြပါ...'

'သေချာရဲ့လား သူပျော်မယ်လို့...'

'ဟုတ်ကဲ့... သူသေချာပေါက်ကို ပျော်မှာပါ...သူပျော်အောင်ထားနိူင်မယ်လို့လည်း ယုံကြည်ချက်ရှိပါတယ်...'

ရဲရဲဝံ့ဝံ့အာမခံချက်ပေးနေတဲ့ ကောင်မလေးကိုကြည့်ပြီး မယုံကြည်နိူင်ခြင်းတွေက နှစ်ယောက်လုံးမှာ ဖြစ်တည်သည်...

Accidental LoveWhere stories live. Discover now