အပိုင်း ၄

9.9K 715 19
                                    

Unicode

'ဘာလုပ်နေတာလဲမြေးရဲ့ အစောကြီးထပြီး'

'အော် ဘွားတောင်နိူးလာပြီ'

နှိုင်းမနက်စောစောထပြီး တဖက်ခြံနားမှာမယောင်မလည် ဟိုလျှောက်ဒီလျှောက် လုပ်နေတုန်း ရုတ်တရက်အသံကြောင့် လူမိသွားတော့ရှက်ရှက်နဲ့သွားလေးဖြဲကာ ဘွားကိုနှုတ်ဆက်လိုက်သည်...

'ဘာလုပ်နေတာလဲမြေးရဲ့ ဟိုဘက်ကိုတကြည့်ကြည့်နဲ့...'

'အဟဲ မကြည့်ပါဘူးဘွားရဲ့... ဘွားဘာလို့အစောကြီးထတာလဲ တော်ကြာအိပ်ရေးမဝပဲနေမယ်...'

'အိပ်ရေးကဝပါတယ်မြေးရဲ့ ဘွားက ပန်းလာခူးတာ စောစောလေး ဘုရားရှိခိုးရအောင်လို့...'

'သမီးခူးပေးမယ်ဘွား တော်ကြာဘွားထိခိုက်မိနေဦးမယ်...'

'အေးပါကွယ် သာဓု သာဓု သာဓု'

ဘွားဆီက ကတ်ကြေးကိုယူလိုက်ကာ ဘွားလိုချင်တဲ့ပန်းတွေကို ခူးပေးလိုက်သည်...

'အခုတလော ရောင်စဉ်လေးတောင် အိမ်ကိုမလာတာကြာပြီ အလုပ်တွေရှုပ်နေတယ်ထင်တယ်...'

ဘယ်ကသာ... အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာဖြစ်မှာပါ... 😏

ဖြစ်ဆို ဟိုတနေ့ကတည်းက အိမ်ကိုမလာတော့တာ...

သူ့အိမ်ကိုသွားတော့လည်း အိမ်မှာမရှိ ဆိုင်သွားတယ်ဆိုတာကြီးပဲ...

စဉ်းစားကြည့်တော့လည်း နှိုင်း သူစိတ်ဆိုးအောင်လုပ်မိတာဆိုလို့ အသဲယားလို့ပါးလေးကိုဖျစ်မိတာလေးပဲရှိတာ...🙄

ပြီးတော့ မန္တလေးကိုသွားရမဲ့ရက်ကနီးလာပြီ...
အခုထိဘွားကိုမပြောရသေး နှိုင်းပြောရင် ဘွားကခွင့်ပြုပါ့မလားမသေချာ...
သူ့ကိုအားကိုးနေရပါတယ်ဆို မယ်တော်ချောကမေ့နေလားတောင်မသိ...

ကူညီပါ့မယ်အာမခံထားပြီး လူကို
စားပြီး နားမလည်လုပ်သွားရင်တော့တွေ့မယ်...😒

'ကြားလားမြေး ဘွားပြောတာ...'

ကိုယ့်အတွေးနဲ့ကိုယ်လုံးထွေးနေတာမို့ နှိုင်းဘွားဘာပြောမှန်းမသိလိုက်...

'ဘွား ဘာပြောလိုက်တာလဲ'

'ရောင်စဉ်လေးနဲ့ဖုန်းပြောဖြစ်ရင် အိမ်လာခဲ့ဖို့ပြောလိုက်ဦးလို့...'

Accidental LoveWhere stories live. Discover now