အပိုင်း ၈

9.7K 663 14
                                    

Unicode

'အား ကျွတ် ကျွတ်...'

ခေါင်းကိုက်နေတာသက်သာလိုသက်သာငြား နားထင်နေရာကိုအနည်းငယ်ဖိလိုက်ကာ ရောင်စဉ် မနိုးချင်နိုးချင်နှင့်နိုးလာသည်...

ရုတ်တရက်တော့မထမိသေး...

မျက်လုံးမှိတ်ထားဆဲကနေ ညကအဖြစ်တွေကိုပြန်စဉ်းစားမိတော့ ဆတ်ခနဲငုတ်တုတ်ထထိုင်လိုက်ပြီး ဘေးဘီဝဲယာကိုမျက်လုံးပြူးမျက်ဆံပြူးကြည့်မိသည်...

ကုတင်ဘေးမှာချထားတဲ့ ကုတ်အင်္ကျီကိုမြင်မှ သက်ပြင်းချမိသည်...
တော်သေးတာပေါ့...
ညက စိတ်တိုတိုနဲ့ မသောက်ဖူးတဲ့ဝိုင်တွေကို အများကြီးသောက်မိပြီး ဘယ်လိုပြန်ရောက်လာမှန်းတောင်မသိတော့...

အဲ့လိုကျတော့လည်း နှိုင်းကိုအားနာမိပြန်သည်...
ဘာမှမဆိုင်တဲ့မင်္ဂလာပွဲကိုတက်ပေးရတဲ့အပြင် မူးနေတဲ့ကိုယ့်ကိုတောင် အိပ်ခန်းထဲထိအရောက်ပို့ပေးခဲ့သေးတာ...
သူ့အပေါ် ဘာမှဆိုးဆိုးဝါးဝါးတော့ မလုပ်မိ မပြောမိဖို့မျှော်လင့်ရတာပဲ...

ရောင်စဉ် ကုတင်ပေါ်ကအဆင်း သတိတရနဲ့ ကိုယ်ပေါ်မှာဝတ်ထားတဲ့အင်္ကျီကို ကမန်းကတမ်း ငုံ့ကြည့်မိတော့...

'WTF ...'

ဝတ်ထားတာက ညကအင်္ကျီမဟုတ်တော့...

မြတ်စွာဘုရား ကယ်တော်မူပါ 😟
မျက်လုံးကနှစ်ဆပို၍ပြူးကျယ်သွားပြီး အခန်းအပြင်ဘက်အပြေးအလွှားထွက်ကြည့်မိသည်...

အသံတချို့ကြားနေရတဲ့ ထမင်းစားခန်းထဲ တံခါးဝကိုကျောပေးပြီး တခုခုလုပ်နေတဲ့ ကျောပြင်ကိုအတွေ့မှာ လှမ်းခေါ်ရနိုးနိုး မခေါ်ရနိုးနိုးနဲ့ တံခါးဝမှာတင်ရပ်ကြည့်နေမိသည်...

'နိူးပြီလား ခေါင်းတွေဘာတွေကောကိုက်နေသေးလား...'

အနောက်ဘက်မှာတယောက်ယောက်ရပ်နေသလို ခံစားရသည်မို့ နှိုင်းလှည့်မကြည့်ပဲ လှမ်းမေးလိုက်သည်...
ဘာလို့မကြည့်လဲဆိုတော့ မျက်နှာပူလို့ပါ...
ညက ကိုယ်ဘာလုပ်ခဲ့လဲ ကိုယ့်ဟာကိုယ်သိတာကိုး...🙄

'အွန်း နိူးပြီ... ဟိုဟာလေ... အင်္ကျီတွေက..'

'ခွမ်း..'

Accidental LoveWhere stories live. Discover now