အပိုင်း ၉

9.3K 692 17
                                    

Unicode

'ဘွားရေ ခြံထဲဆင်းပြီးလမ်းလျှောက်ကြရအောင်..'

'အလိုတော် ညကြီးမင်းကြီး မိုးရွာကရွာနဲ့ချော်လဲနေမှဖြင့်မြေးရယ်...'

ဘွားကတအံ့တဩပြောနေတော့ နှိုင်းသဘောကျစွာရယ်မိသည်...

ဘွားပြောလည်းပြောချင်စရာ...

ဒီရက်ပိုင်းမှာ အချိန်မဟုတ်အခါမဟုတ်ရွာသွန်းနေတဲ့မိုးကြောင့် နှိုင်းတောင်မှ တခြားနေရာမပြောနဲ့ ခြံထဲတောင်မထွက်ဖြစ်တော့ လူလည်းကြာရင်အညောင်းမိတော့မှာ...

ဘွားကလူကြီးမို့ပိုတောင်ဆိုးပါလိမ့်မည်...
ခါတိုင်းဆိုခြံထဲ အညောင်းပြေအညာပြေ လမ်းလေးဘာလေး ဆင်းလျှောက်လို့ရသေးသည်လေ...

'ခဏလေးပါဘွားရဲ့ မိုးလည်းတိတ်နေပြီဥစ္စာ... ဘွားချော်မလဲစေရပါဘူး... ပြီးတော့ဘွားလည်းခြံထဲမဆင်းရတာကြာပြီပဲကို... လာပါဘွားရဲ့...'

'အေးပါကွယ် အေးပါ..'

ဘွားကိုပခုံးကနေအသာလေးဖေးမကာထစေပြီး နှိုင်းအသင့်ယူလာတဲ့ အနွေးအင်္ကျီကို အနောက်ကနေ လက်လျှိုပြီးဝတ်စေသည်...
ပြီးမှ မြေးအဘွားနှစ်ယောက်သားခြံထဲဆင်းလာခဲ့သည်...

'တွေ့လားဘွား... မိုးရွာပြီးစအချိန်လေး လေကအစ ဘယ်လောက်တောင်လတ်ဆတ်နေလဲလို့...'

'ဟုတ်ပါ့တော် ဟုတ်ပါ့...'

'ဒီရက်ပိုင်းမိုးကလည်းဆက်တိုက်ရွာနေတော့ ဘယ်မှမသွားရတာနဲ့ လူကအညောင်းမိချင်သလိုတောင်ဖြစ်နေတာ... ခုမှပဲ နေလို့ထိုင်လို့ကောင်းသွားတော့တယ်နော်ဘွား...'

နှိုင်းပုံစံလေးကို ဘွားကခပ်ပြုံးပြုံးကြည့်နေတော့ နှိုင်းတောင်ကြောင်သွားရသည်...

'ဘာဖြစ်လို့လဲဟင် ဘွား..'

'မြေးကအရင်ကလိုမဟုတ်တော့ဘူး အများကြီးပြောင်းလဲသွားတာပဲ...'

နှိုင်းရင်ထဲထိတ်ခနဲ...

'ဒေါ်မြိုင်ကလည်းပြောနေတယ်... မြေးကသူ့ကို အခန်းလုံးဝမရှင်းခိုင်းတော့ဘူးဆို...'

'အော်... ဘာများလဲလို့ဘွားကလည်း... ဒေါ်မြိုင်က အသက်ကြီးပြီလေဘွားရဲ့...
အိမ်မှုကိစ္စတွေနဲ့တောင် တော်တော်ပင်ပန်းနေပြီကို ဒါလေးလောက်ကတော့ သမီးကိုယ့်ဘာသာကိုယ်လုပ်နိူင်ပါတယ်ဘွားရဲ့...'

Accidental LoveWhere stories live. Discover now