အပိုင်း ၃၁

8.6K 575 33
                                    

Unicode

'မမ... ဘယ်အချိန်ထိ ဒီလိုနေနေမှာလဲ... မမမှာ လုပ်စရာတွေအများကြီးရှိတယ်လေ... မေ့နေပြီလား.. ပြီးတော့ ရောင်စဉ်...'

ရောင်စဉ်ဆိုတဲ့ နာမည်အရောက်မှာ ငေးငိုင်နေသည့်နှိုင်းရဲ့အကြည့်တွေက မေသူဆီရွေ့လာတော့ မေသူခေါင်းကိုငုံ့သွားသည်...
ပြီးမှ ဖျတ်ခနဲပြန်မော့လာကာ...

'သူလည်း စိတ်ပူနေမှာပဲ.. ဆက်တိုက်ကို ဖုန်းတွေခေါ်ထားတာ..'

'မေသူဘယ်ကတည်းက အဖြစ်မှန်တွေသိနေတာလဲ..'

ပြောနေတဲ့စကားနဲ့မဆိုင်ပဲ တခြားခေါင်းစဥ်ပြောင်းလိုက်တော့ ပထမတော့ မေသူကြောင်သွားသည်...

'ဟို... မကြာသေးပါဘူး... တကယ်ပါ.. မမ သိတဲ့အချိန်ထက် နည်းနည်းပိုစောပြီး သိခဲ့တာပဲရှိတယ်..'

'အဟွန်း.. အဲ့ဒီတော့ ငါက တကောင်ကြွက်မဟုတ်ဘူးပေါ့... တသက်လုံး ကောင်းကောင်းမွန်မွန်မွေးစားခံရလို့ ကျေးဇူးတင်နေခဲ့ရတဲ့ကျေးဇူးရှင်က ငါ့ဦးလေးအရင်းဖြစ်နေတာပေါ့... အဲ့ဒါကို.. အဲ့ဒါကိုမသိပဲ တကောင်ကြွက်ဆိုပြီး ငါဘယ်လောက်တောင်မျက်နှာငယ်ခဲ့ရလဲ... ဆွေမရှိမျိုးမရှိနဲ့ ဘယ်လောက်တောင်အားငယ်နေခဲ့ရလဲ..'

'မမ... အဲ့လိုမပြောပါနဲ့... Chen က...'

'တော်ပြီ... ငါ ဘာမှမကြားချင်ဘူး... အဲ့ဒီတကိုယ်ကောင်းဆန်တဲ့လူအကြောင်း ငါ့ကိုလာမပြောနဲ့..'

'မမ...'

ဒီအခြေအနေထိရောက်နေတာတောင် Chen က နှိုင်းရဲ့ မိဘတွေအကြောင်းမပြောပြခဲ့...

ဒါတောင် ဘွားနဲ့နေခဲ့စဥ်က ဘွားပြောပြခဲ့သည့် အကြောင်းအရာတချို့နဲ့ ဆက်စပ်တွေးတောမိရင်းမှ အကြောင်းစုံကို နည်းနည်းသဘောပေါက်လာတာ...

အဲ့ဒီနေ့က...

flashback...

'Chen... Chen ဘာပြောသွားတယ်ဆိုတာ သိတယ်မို့လား... အဲ့ဒါ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ...'

'ဘာအဓိပ္ပါယ်ရမှာလဲ... မင်းသံယောဇဥ်ကြီးကြီးနဲ့သွားပြီးပြုစုနေတဲ့အဘွားကြီးက မင်းအဖေလူယုတ်မာရဲ့အမေ... လူမဆန်တဲ့လူတွေ... မိန်းကလေးတယောက်ကို ခိုးယူပေါင်းသင်းပြီး တာဝန်မယူချင်တဲ့လူတွေ... ငါ့ညီမလေးကို သေအောင်သတ်ခဲ့တဲ့ တရားခံတွေပဲ... သိပြီလား နားလည်ပြီလား...'

Accidental LoveWhere stories live. Discover now