အပိုင်း ၁၇

9.9K 583 11
                                    

Unicode

'စိတ်ဆိုးနေတာလား အချစ်ကလေးက...'

ပါးကိုဖျတ်ခနဲ လှမ်းနမ်းကာ ဘေးကခုံမှာ ၀င်ထိုင်ရင်းမေးတော့ ရောင်စဉ်က မျက်စောင်းထိုးတယ်...

မနေ့ညနေက သွားကြိုတုန်းကလည်း အဲ့လိုမျက်နှာနဲ့ပဲ..

လူကိုမမြင်သလိုလို အဖက်မတန်သလိုလိုနဲ့ စကားတခွန်းတောင်မပြောတဲ့အပြင် နှိုင်း ပြောတာကိုလည်း အင်းမလုပ် အဲမလုပ်...

အခုမနက်ထိတောင် ဒီလိုကျောက်ရုပ်မျက်နှာနဲ့ဆိုတော့ ဘာဖြစ်နေမှန်းမသိပေမဲ့ အချစ်ကလေးကို စိတ်ပျော်အောင်ချော့ရတော့မှာပေါ့လေ..

ခုံကိုဖြည်းဖြည်းလေးဆွဲ‌ ရွှေ့ကာ သူ့အနားတိုးသွားလိုက်သည်...

'သွား... လာ မတိုးနဲ့.. အန်တီငယ်လေး ၀င်လာတော့မှာ..'

'၀ါး... တကယ်ကြီး စိတ်ဆိုးနေတာပဲ.. ပြောပါဦး အချစ်ရဲ့ ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ...'

ကောင်းရော... သူ့ကိုစိတ်ဆိုးလို့ဆိုးနေမှန်းတောင်မသိ.. 😤

'.....'

'ဟင်...? ငါ့ကိုလား..'

'.....'

စကားပြန်ဖော်မရပဲ မုန့်ဟင်းခါးကိုပဲ ခေါင်းမဖော်တမ်းစားနေပုံကြည့်ရတာ သူစိတ်ဆိုးနေတာ ကိုယ့်ကိုများလားလို့တွေးပြီး နှိုင်း ပြုံးချင်သွားတယ်...

'ညက ဖုန်းမဆက်လို့စိတ်ဆိုးနေတာလား... ဟုတ်လား...'

'.....'

'ဟင်လို့.... အချစ်..'

မေးစေ့ကနေဆွဲမော့ပြီးပြောတော့ လက်ကိုပုတ်ချပြန်တယ်..

'စားစရာရှိတာစား.. ပြီးရင်လိုက်မပို့နဲ့.. အိမ်ပဲပြန်တော့... ကိုယ့်ဟာကိုယ်သွားမယ်...'

ဟိုက်.. တော်တော်ပြင်းထန်တာပဲ..
ဘာဖြစ်တာပါလိမ့်... 😥

ဘာအပြစ်မှလည်းမလုပ်ထားပါပဲ အူကြောင်ကြောင်နဲ့ ချော့နေရတဲ့ကိုယ့်အဖြစ်ကို သတိထားမိပေမဲ့ နှိုင်း စိတ်မညစ်ပါဘူး... 😘
ပျော်တောင်ပျော်မိသေး...

အဟိ..
စူပုတ်နေတာလေးက ချစ်စရာကောင်းလိုက်တာ... 😘

'ဘာလို့စိတ်ဆိုးနေတာလဲလို့.. ပြောပြလေနော်..'

Accidental LoveWhere stories live. Discover now