အပိုင်း ၅

9.1K 709 5
                                    

Unicode

'ရောင်စဉ် ငါ့ကိုစိတ်ဆိုးနေတာလား..?

နှိုင်း စကားကို ရောင်စဉ်က မကြားသလို ကားတံခါးဖက်အတင်းလှည့်၍ တမင်အိပ်ချင်ယောင်ဆောင်နေသည်...

မနေ့က နှစ်ယောက်သားစကားများကြကာ ရောင်စဉ် သူ့ကိုအမြင်ကတ်တာနဲ့ အခုခရီးထွက်လာတဲ့အထိ စကားမပြော...
အရင်ကတည်းက သူဆေးလိပ်သောက်တတ်တာသိပေမဲ့ နည်းနည်းပါးပါးပဲသောက်တယ်ထင်နေတာ
အခုတော့မဟုတ်ပါဘူး နေ့တိုင်းနီးပါးကိုသောက်နေတာ တလိပ်လည်းမဟုတ် တစ်ဗူးနီးပါး...
ကြာရင်ကျန်းမာရေးထိခိုက်မှာမို့တားတာကို ဒင်းကစေတနာကိုနားမလည်...

အဲ့ဒီတော့လည်းနေပါစေပေါ့ သူ့ဟာသူဘာဖြစ်ဖြစ်...

မနေ့ကကိစ္စကိုတောင်အစာမကြေသေး အခုလည်း လမ်းဘေးမှာခဏရပ်ပြီး ဆေးလိပ်သောက်နေရသေးတာ...
သောက်ပေါ့...

'ရောင်စဉ်..?
ငါမေးတာဖြေ‌ဦးလေ နင်အိပ်ပျော်နေတာမဟုတ်မှန်းငါသိတယ်နော်...'

နှိုင်း ခေါင်းကိုငုံ့ချပြီး မေးလာတော့လည်း ရောင်စဉ် အင်းမလှုပ် အဲမလှုပ်...

နှုတ်ခမ်းလေးကိုခပ်တင်းတင်းစေ့ပိတ်ကာ အိပ်ချင်ယောင်ဆောင်နေသော ရောင်စဉ့်မျက်နှာလေးကိုစိုက်ကြည့်ရင်း နှိုင်း ရင်ခုန်သံတွေမြန်လာသည်...

အလုပ်ကိစ္စကလည်း ပစ်ထားလို့မရ... PA နဲ့ပဲ အလုပ်တွေလွှဲထားတာ ၁လ‌နီးပါးတောင်ရှိနေပြီ...

တဖက်မှာလည်း ရောင်စဉ့်အပေါ်မှာ ငြိတွယ်ချင်သလိုဖြစ်နေတော့ အခက်သား...

'ရောင်စဉ် ငါ့ကိုတကယ်စကားမပြောဘူးလား..?'

အခုလိုမျိုး ရောင်စဉ်က လုံးဝကိုစကားမပြောဘဲနေနေတော့ နှိုင်းမနေနိူင်...
ဘယ်လိုပြန်ချော့ရမလဲစဉ်းစားရတာ ခေါင်းပါပေါက်ထွက်လုမတတ်...

တကယ်က နှိုင်း အခုရက်ပိုင်း အရမ်းကိုစိတ်ရှုပ်နေတာ...
အလုပ်ကိစ္စတွေအပြင် အခုလို ရောင်စဉ့်အပေါ်မှာထားမိတဲ့ကိုယ့်စိတ်ကိုယ်ဆန်းစစ်ရင်း လူကနေရင်းထိုင်ရင်းအသက်ရှူမဝတော့...

ဘယ်အချိန်ကဆေးလိပ်စသောက်တတ်သလဲ သေချာမသိတော့ပေမဲ့ သတိထားမိတဲ့အချိန်မှာ တော်တော်လေးကိုသောက်ဖြစ်နေပြီ...
စိတ်ရှုပ်ရင်ပဲဖြစ်ဖြစ် တခုခုကိုအလေးအနက်တွေးတောနေရင်ပဲဖြစ်ဖြစ် ဆေးလိပ်သောက်တတ်တဲ့အကျင့်ကြောင့် ဘွားလစ်တဲ့အချိန်ဆို ဆေးလိပ်ကို ခိုးခိုးသောက်နေမိတာ ခုဆို ဒေါ်မြိုင်ကလည်းရိပ်မိနေပြီ...

Accidental LoveWhere stories live. Discover now