အပိုင်း ၃၀

8.9K 615 53
                                    

Unicode

'တက်လေအချစ်ရဲ့... သွားရအောင်...'

'အင်း.. သွားမယ်.. သွားမယ်..'

ကလေးတယောက်လို ခုန်ဆွခုန်ဆွနဲ့ အားပါးတရရယ်မောကာ စိတ်လှုပ်ရှားနေတဲ့ရောင်စဉ်​ကိုကြည့်ပြီး နှိုင်း သဘောကျစွာပြုံးနေမိသည်...

ဒီနေ့ နဒီလှိုင်းကိုသွားတွေ့ ကြမည်...

ဘုန်းတောက်ထွန်းက ဖုန်းဆက်တာကြောင့် သူ့ရဲ့အိမ်မှာပဲ လှိုင်းကိုသွားတွေ့ကြမည်ဖြစ်သည်...

အဲ့ကတည်းက အရမ်းပျော်ကာ အခုသွားမယ်ပဲ တကဲကဲလုပ်နေတာမို့ နှိုင်းမှာ နေ့တောင်အကူးမခံပဲ လိုက်ပို့ရလေတော့သည်...

ရောင်စဉ့်ကို နဒီလှိုင်းနဲ့ ဘယ်လောက်ပဲသ၀န်တိုပါစေ အတတ်နိူင်ဆုံးတော့ မသိသာအောင်နှိုင်း အမြဲဟန်ဆောင်နေခဲ့သည်...

ရောင်စဉ်ပျော်ရွှင်မှုလေးတွေ ကိုယ့်ကြောင့်ပျက်စီးသွားအောင် နှိုင်းဘယ်တော့မှလုပ်မှာမဟုတ်ဘူး...

နှိုင်းရဲ့ပျော်ရွှင်မှုဆိုတာ ရောင်စဉ့်ပျော်ရွှင်မှုတွေနဲ့တိုက်ရိုက်အချိုးကျသည်လေ...

သူပျော်နေရင် ကိုယ်ပါအလိုလိုစိတ်ချမ်းသာရပြီး သူမပျော်ရင်တော့ ဘာပဲလုပ်ပေးရလုပ်ပေးရ ပျော်ရွှင်လာအောင်လုပ်ပေးချင်တာမျိုး...

'နှိုင်း...'

'ဟင်..'

ကားကိုအာရုံစိုက်မောင်းနေတုန်း ရောင်စဉ်က နှိုင်းပခုံးကိုအသာတို့ပြီးခေါ်သည်...

'ပြောလေ... ဘာပြောမလို့လဲ..'

'နှိုင်းကိုကျေးဇူးတင်ပါတယ်...'

'ဘာအတွက်...'

'အင်း... အကုန်လုံးအတွက်ပဲ... လှိုင်းကိုတွေ့အောင်ရှာပေးတဲ့အတွက်ရော.. အခုလိုမျိုး အရမ်းချစ်ပေးလို့ကော...'

'တကယ်ကျေးဇူးတင်တယ်ဆိုရင် ကိုယ့်ကိုအခုထက်ပိုချစ်ပေးပေါ့...'

ရောင်စဉ်က တောက်ပနေတဲ့မျက်ဝန်းအစုံနဲ့ တိုးတိုးလေးပြောတော့ နှိုင်း ပြုံးကာဖြေမိသည်...

အဲ့လိုမြတ်နိုးဖို့ကောင်းတဲ့မျက်ဝန်းတွေမပြောနဲ့ ခက်ထန်တဲ့အကြည့်တွေဆိုရင်တောင် ကိုယ်က မင်းအလိုကျ ဖြည့်ဆည်းပေးမဲ့သူပါ အချစ်ရယ်...

Accidental LoveWhere stories live. Discover now