အပိုင်း ၁၈

9.7K 605 24
                                    

Unicode

'ဟိုရောက်ရင် ငါ့နားမှာပဲနေသိလား... ဘယ်သူ့ကိုမှ ပြုံးပြနှုတ်ဆက်စရာမလိုဘူး... ဘာတွေပဲမေးမေး အရေးလုပ်ပြီးဖြေမနေနဲ့... ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး... ငါတယောက်တည်းကိုပဲ ပြုံးပြ... ငါ့မျက်နှာကိုပဲကြည့်နေ သိလား...'

ငယ်ငယ်က ကလေးတွေ ကျောင်းမသွားခင် မိဘတွေက တဖွဖွမှာနေသလိုပဲ နှိုင်းကလည်း ရောင်စဉ့်လက်ကလေးကိုကိုင်ကာ အထပ်ထပ်မှာနေတော့သည်...

ဘယ့်နှယ့်... လူကြားလို့မှမကောင်း...😖

သူလုပ်တာနဲ့ ကိုယ့်မှာလူမှုဆက်ဆံရေး လုံးဝညံ့ဖျင်းသူကြီး ဖြစ်ရတော့မယ်..😖

'ဒီလောက်တောင် တတွတ်တွတ်ပြောနေတာ အိမ်မှာ ဘယ်သူ‌တွေရှိလို့လဲ...'

'ဟင်... အိမ်မှာ ဘယ်သူမှ မရှိပါဘူး... အခုပြောနေတာက ပွဲနေ့အတွက်ပြောနေတာ... လူတွေအများကြီးလာမှာဆိုတော့ ဟိုမေးဒီမေးလာလုပ်နေကြရင် အချစ်ကလေးစိတ်ပင်ပန်းမှာစိုးလို့...'

ပါးတဖက်ကို ဖွဖွပွတ်ပြီး တိုးတိုးလေးပြောလာတော့ ရောင်စဉ် ကျေနပ်ပီတိတွေနဲ့ ပြုံးချင်စိတ်ကို မနည်းထိန်းနေရသည်...

နှိုင်းဟာ သိပ်ကိုချစ်တတ်တဲ့သူပါပဲ...

ပြီးတော့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းထားလဲ...♥️

အတူရှိချိန်တွေဆို ရောင်စဉ့်မျက်နှာကို အဖိုးတန်ရတနာတခုလို တစိမ့်စိမ့်ငေးကြည့်‌နေတတ်ပြီး သူ့အချစ်တွေကို ပိုင်ဆိုင်ထားရတဲ့ ကိုယ်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးပါလားလို့ ခံစားမိစေတဲ့အထိ... ♥️

သူမဘဝမှာ နှိုင်းတယောက်ကိုသာ ချစ်ဖူးသည်...

နှိုင်းနဲ့တွေ့မှပဲ အချစ်ဆိုတာကို နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရတာမို့ ဒီအချစ်တွေကို ဆုံးရှုံးရမှာ သေလောက်အောင်ကြောက်ပါသည်...

ချစ်သူဖြစ်လာတဲ့ တလျှောက်လုံးမှာ နှိုင်းဘက်က စိတ်ဆိုး စိတ်ကောက်တာ တခါမှမရှိခဲ့သလောက် သူမကတော့ အလိုလိုက်မှန်းသိရင် ပိုဆိုးတတ်တဲ့ ကလေးတယောက်လို ခဏခဏ စိတ်ကောက်တာတွေရှိပေမဲ့ နည်းနည်းလေးမှ ငြိုငြင်တာမျိုး မရှိပဲ စိတ်ရှည်လက်ရှည် ချော့မော့တတ်၊ ဦးစားပေးတတ်လွန်းတော့ နှလုံးသားတခုလုံး အရည်ပျော်မတတ်... ❣️

Accidental Loveजहाँ कहानियाँ रहती हैं। अभी खोजें