အပိုင်း ၂၂

8.8K 571 9
                                    

Unicode

ဘွားဘေးမှာကပ်ထိုင်ရင်း ရန်ကုန်မှာတုန်းက ဘယ်သွားခဲ့တာ ဘာစားခဲ့တာ အစရှိသဖြင့် အားရပါးရပြန်ပြောပြနေတဲ့ ပုံစံလေးကို မျက်တောင်မခတ်တမ်း ချစ်စနိုးငေးကြည့်ကာ ပြုံးနေမိတာ ဘွားရဲ့အကဲခတ်သလို အကြည့်တွေကိုတောင် သတိမထားမိတဲ့အဖြစ်...

အဲ့ဒီလိုပဲ နှိုင်းရဲ့အချစ်တွေက ရောင်စဉ့်အတွက်ဆိုရင် ကွက်ကျားမိုးလိုပဲ အချိန်မရွေး နေရာမရွေးဘူး...

အရွယ်ငယ်သော်လည်း စီးပွားရေးအကွက်မြင်လွန်းလို့ လူတိုင်းအားကျရလောက်တဲ့ စံနှုန်းတွေနဲ့နှိုင်းသည် မိန်းကလေးတယောက်နဲ့ ချစ်ကျွမ်းဝင်နေတာကိုသိပါက ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုတုန့်ပြန်ကြမယ်မသိ...

ဘယ်လိုပဲတုန့်ပြန်ကြပါစေ...
နှိုင်းက ဂရုစိုက်နေမှာမဟုတ်...
လူဆိုတာ ကိုယ့်ဘဝကိုယ်ကျေ‌ကျေနပ်နပ်လက်ခံဖို့က အရေးကြီးဆုံးပဲမို့လား...

ငွေရေးကြေးရေးဆိုတာ နှိုင်းအတွက် ပူပင်နေဖို့‌မလိုတဲ့ကိစ္စ...

အဓိကက ရောင်စဉ်တယောက် နှိုင်းဘက်မှာရှိနေဖို့...
တလောကလုံးကလူတွေ ဘယ်လောက်ပဲအပြစ်ပြောနေပါစေ ရောင်စဉ်ကသာ နှိုင်းနဲ့ အချစ်ချင်းထပ်တူညီနေမယ်ဆိုရင် အားလုံးကိုကျောခိုင်းထားခဲ့ဖို့ အဆင်သင့်...

အခုဆိုရင် နဒီလှိုင်းကိုရှာတွေ့ဖို့ကလည်း အရင်ကထက်ပိုနီးစပ်လာပြီဆိုတော့ သူပြန်လာပြီဆို ရောင်စဉ့်ကိုတခါတည်း ပိုင်ဆိုင်ထားချင်သည်...

ဒီနိူင်ငံမှာ လက်ထပ်ဖို့မဖြစ်နိူင်ဘူးဆို ဖြစ်နိူင်တဲ့နေရာမှာ လက်ထပ်မည်...

ချစ်သူဖြစ်တာမကြာသေးဘူးဆိုပေမဲ့ နှိုင်းကတော့ ရောင်စဉ့်ကို လက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးကို ပိုင်ဆိုင်ချင်လှပြီ... ♥️

'အဟမ်း...'

သတိလက်လွတ်ငေးနေမိရာမှ ချောင်းဟန့်သံကြောင့် ဘွားဆီကိုမလုံမလဲ အကြည့်ရောက်ကာ သွားလေးဖြဲပြလိုက်တော့ဘွားက အမျက်မပါတဲ့မျက်စောင်းထိုးသည်...

'ဘယ်မှာလဲ ဘွားအတွက်လက်ဆောင်... ရောင်စဉ်လေးကတောင် သတိတရနဲ့ဝယ်လာဖော်ရသေးတယ်... ဟွန်း မြေးနော်...'

Accidental LoveTahanan ng mga kuwento. Tumuklas ngayon