"ဒါဆိုလည်း မပြောနဲ့တော့ကွာ။ ကဲ မင်းတို့ကားနောက်ကျမယ်။ သွားမယ်ဆိုစောစောထွက်ကြတော့။ ဒါနဲ့ကလေးအခြေအနေ သေချာမေးခဲ့၊ကြည့်ခဲ့ကြဦးနော် မေ့မနေကြနဲ့ဦး"
"ဟုတ်ကဲ့ပါ အကိုဆူဟိုရဲ့ သွားပြီနော် "
"တာ့တာ အကိုဆူဟို"
"အေးအေး ကောင်းကောင်းသွားကြနော်"
**********
"ချန်းယောလ် ဘတ်ဟျွန်း ချန်းယောလ်"
အိမ်ရှေ့ကနေ အသေအော်နေတဲ့အကိုဆူဟိုကြောင့် ချန်းယောလ် စာရင်းလုပ်နေတဲ့ ဘေးထိုင်ပြီး သမီးကိုထမင်းခွံ့နေတဲ့ဘတ်ဟျွန်းကပဲ အခန်းတံခါးဖွင့်ကာ လှမ်းမေးလိုက်ရသည်။
"ဟုတ် အကိုဆူဟို ဘာလို့လဲ အကိုချန်းယောလ်က စာရင်းလုပ်နေလို့"
"အော် ဘာမှမဟုတ်ပါဘူး။ အကိုအပြင်သွားမလို့။ အိမ်မှာ ဘယ်သူမှမရှိဘူး၊ အိမ်ရှေ့နားစွင့်ဦးလို့ ပြောမလို့"
"ဟုတ်အကိုဆူဟို နားစွင့်ထားလိုက်ပါ့မယ်။ အကိုချန်းတို့က သွားပြီလား ဆယ်ဟွန်းတို့ကရော"
"သွားပြီ ချန်းတို့က ဆယ်ဟွန်းတို့ ကဲကဲသဲသဲအတွဲကတော့ မပြောတော့ဘူး။ ဂျုံအင်အလုပ်သွားတာ နာရီဝက်မကြာသေးဘူး လွမ်းလို့တဲ့လ်ိုက်သွားလေရဲ့။ အပြန်ဆယ်ဟွန်းအဖေဆီ ဝင်ကြဦးမယ်ဆိုပဲ။ မင်းရောဆေးရုံမသွားရဘူးလား"
အကိုဆူဟိုက လက်ထဲက ခေါင်းလိမ်းဆီပုလင်းကနေ ဆီတချို့ယူလိုက်ပြီး ဆံပင်တွေကိုသေချာပွတ်သပ်ပြီးနောက် ဘီးနဲ့ပုံစံတကျဖီးကာပြောနေခြင်း။
"ဂယောင်ဆူးက မလာနဲ့တဲ့။ ဒီနေ့သူဌေးကတော် လာမယ် ဖုန်းဆက်လို့တဲ့"
"ဟုတ်လား။ ဂယောင်ဆူး ခရီးကပြန်ရောက်ပြီလား။ ငါမသိသေးဘူးဗျ"
"မနက်အစောကြီး အိတ်ထားပြီး ဂျူတီရှိလို့ ပြန်ထွက်သွားတာမို့ မသိလိုက်တာနေမယ်။ နို့မို့ကျွန်တော်တောင်မသိဘူး။ ဒီနေ့မလာဖို့အခန်းထဲလာပြောသွားလို့"
"အော် ဒါဆိုအကိုလည်း သွားတော့မယ်။ မင်းတို့လည်းအေးဆေးနားကြ ဆိုင် တစ်ခါတစ်လေပိတ်တုန်းလေး"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ
27 uni
Start from the beginning