*********************
"ချန်း ဟေ့ကောင် ပြီးရင် ဒီပစ္စည်းတွေ ကားပေါ်တင်ရမှာနော်"
"ဟုတ်ကဲ့"
တခုကလုပ်လို့မပီးသေးဘူး တခုထပ်လာခိုင်းတဲ့အလုပ်ရှင်ကို သိပ်မကျေနပ်ချင်။ အခုလုပ်နေရတာက ဆန်ခွဲစက်မှာ အလုပ်ကြမ်းဆိုသော်လည်း တခြားအလုပ်တွေထက်ပိုက်ဆံပိုရသလို အိမ်နဲ့ကလည်း ၂လမ်းကျော်လောက်သာဝေးသည်မို့ သွားရေးလာရေးအတွက်ပိုက်ဆံထပ်မကုန်ရတာကြောင့် ပိုအဆင်ပြေသည်။
အိမ်ကလယ်ယာ အလုပ်လုပ်ပေမဲ့ မြို့ရောက်လာတာ ကြာတော့ အလုပ်ကြမ်းပင် သိပ်မလုပ်နိုင် သေလောက်အောင်ပင်ပန်းသော်လည်း ဒီအလုပ်စ၀င်ကတည်းက မျက်နှာမကောင်းတဲ့ အကိုမင်ဆော့ရှေ့ အဆင်ပြေနေသည့်ပုံ နေပြရသည်မှာလဲမလွယ်။
"မပြီးသေးဘူးလား ဒါလေးလုပ်တာကိုကွာ"
"ဟုတ် ပြီးပါပြီ သွားတင်နေပါပြီ"
တွေးလက်စကိုဖြတ်ကာ အိတ်ချုပ်ပြီးသားဆန်အိတ်တွေကို ကားပေါ်တင်ဖို့အသွား လေးလွန်းတာကြောင့် လူကယိုင်ကာ အောက်ကိုပြုတ်ကျသွားရသည်။
ဘုတ်
ပခုံးပေါ်ထမ်းလာရာကနေ ပြုတ်ကျလာတာကြောင့် ဆန်အိတ်ကကွဲကာ ဆန်တွေ အပြင်သို့ထွက်ကျပြန်သည်။
"ဟာ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ ဟမ် ပေါ့ပျက်ပျက်နဲ့"
"ဟို တောင်းပန်ပါတယ် တောင်းပန်ပါတယ် မြန်မြန်ပြန်သိမ်းလိုက်ပါ့မယ်"
ဦးညွှတ်ကာတောင်းပန်စကားအထပ်ထပ်ပြောရင်း ဆန်တွေကိုပြန်ကျုံးဖို့အလုပ် ဖြတ်ကနဲ ပခုံးကနေဆွဲကာ ထစေတာမို့ ဘယ်သူလဲကြည့်လိုက်တော့ မျက်ရည်အဝဲသားနဲ့ထမင်းဘူးလေးကိုင်ထားတဲ့အကိုမင်ဆော့။
"အကိုမင်ဆော့ရောက်နေတာ ကြာပြီလား ခဏနော်"
ပြုံးပြကာ ပြန်ထိုင်ပြီး ဆန်တွေကိုအိတ်ထဲပြန်ထည့်နေတော့
"အရူး ပင်ပန်းနေတာကို"
တိုးတိုးလေး ဆိုလာတဲ့ စကားကြောင့် မော့ကြည့်လိုက်ကာ
"မပင်ပန်းပါဘူး အကိုမင်ဆော့ကလည်း ကျွန်တော်ယောက်ျားပါဗျ"