"ဆူဟို ဆူဟို~~~ သွားတားပါဦး"
ဘေးကလည်း ဝင်မပြောကြပဲ ရပ်ကြည့်နေကြတဲ့ သူတွေကိုကျော်ကာ ရန်ပွဲထဲသွားပြီး
"တော် တော်ကြပါတော့ဗျာ။ ဒီကအမလည်းတော်၊ အဒေါ်ကြီးလည်းတော်တော့နော်"
"အဟက် ဘယ်ကကောင်တွေလဲ ဒါက ဟမ်"
"လူ လူလေးက"
"ကျွန်တော့် အသိပါ"
သူတို့ရဲ့ အမေးကို ရီရှင်းက ကားပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာပြီးအဖြေပေးလိုက်တော့ ခါးကိုမာန်ပါပါထောက်ကာ ရန်စောင်နေတဲ့ မိန်းမကြီးက
"အော် မွေးစားသားကိုခေါ်ပြန်ပြီပေါ့။ အဲ့ကောင် အဲ့လောက်ချမ်းသာနေတာ ခင်ဗျားက ဘာသောက်ပူလုပ်နေပြန်တာတုန်း ဟမ် ကိုယ့်သားသမီးကျငတ်ငတ်ပေါ့"
"ဒီမှာအမ ကျွန်တော်က အခုရှေ့နေတစ်ယောက် အနေနဲ့လာတာပါနော်"
"အို ဘာအဖြစ် လာ လာ"
"ဒီမှာ ညည်း သိပ်ရိုင်းနေပြီနော်"
"ရိုင်းရိုင်းပဲ။ အေး ကျုပ် နောက်နေ့လာခဲ့မယ် ပြင်ထား"
"ဘာကို ပြင်ရမှာလဲ ဟမ် သမီးမိုက်ရဲ့"
အချေအတင်း စကားများနေတဲ့လူတွေကြား ဆူဟို ဘာဝင်ပြောလို့ ပြောရမှန်းမသိတာနဲ့ပဲ အသာငြိမ်နေလိုက်တော့သည်။
"ရီရှင်း သားလေး ကျေးဇူးပါကွယ် လာပေးလို့"
"ဟာဗျာ မေကြီးကလည်း"
၂ယောက်သား အပြန်အလှန်ဖက်နေကြပြန်သည်။ အခုလိုကျ ရှေ့နေကြီးမဟုတ်တော့ဘူး နောက်နေ အဲလေ ကလေးလေးလိုဘဲ။
"အယ် သားလေး ကိုယ်တွေပူနေတာ"
"နည်းနည်းပါ"
"ဘာမှ မနည်းဘူး အဒေါ်ကြီး။ ကားပေါ်မှာကတည်းက ခွေခေါက်ပါလာတာကို "
"ဟုတ်လား သားလေး။ ဒီက ကလေးကိုလည်း ကျေးဇူးပါကွယ် သားလေးနဲ့အဖော်လိုက်ပေးလို့"
"ဟုတ် ရီရှင်းကိုမြန်မြန်နားစေချင်လို့ အဲ့ဒါ"
"အော် အေး လာ လာ သား မေကြီးအခန်းပြင်ထားတယ် ဟို"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ
24 uni
Start from the beginning