"ဝါး~~~ ငါ့တူမ အနံ့လေးကမွှေးလိုက်တာ"
အနှီးတွေကို ခါလိုက်လှန်းလိုက်လုပ်ရင်းကနေ နှာခေါင်းနဲ့ကပ်ကာနမ်းရင်းပြောလာတဲ့ဆယ်ဟွန်းကြောင့် ချန်းယောလ် ခေါင်းကိုယမ်းလိုက်ကာ
"ငါလျှော်ထားလို့ပါကွာ"
"ဟုတ်ပါပြီ ဖေကြီးရဲ့ ဟွန့် သမီးလေးတစ်ယောက်ရတာကိုလေ သိပ်မြှောက်ကားကြီးလုပ်မနေနဲ့နော်။ တူမ မတော်ဘဲ စောင့်ပြီးမိန်းမတော်ပစ်လိုက်ရ "
"ရား ဆယ်ဟွန်း မင်း"
လျှာထုတ်ပြောင်ပြကာ ပြေးသွားသောဆယ်ဟွန်းနောက် ချန်းယောလ် လိုက်ကာပြေးနေမိသည်။
"ဟေး၂ကောင် ပြေးမနေကြနဲ့ မနက်စာ စားမယ်။ ဟိုကောင်အိပ်ပုတ်ဝက်ဝံကို သွားနှိုးစမ်းဆယ်ဟွန်း"
"အကိုဆူဟိုကလည်း မောနီးလေ့ကျင့်ခန်းလေ ခိခ်ခိခ်"
"ဟာ အကိုဆူဟိုကလည်း တိုးတိုးပါဆို ဘတ်ဟျွန်းက ညကကောင်းကောင်းအိပ်ရတာမဟုတ်ဘူးသမီးချော့နေရတာနဲ့မို့ပါဆို"
"သမီးကြောင့်လား။ ကျွန်တော်တော့အကိုချန်းယောလ်ကြောင့်လို့ထင်ထားတာ ဟ ဟ"
"မင်း"
"ကဲ တော်ပြီတော်ပြီ ဆယ်ဟွန်းကသွားနှိုးစရာရှိတာနှိုး ချန်းယောလ်လည်းလုပ်စရာရှိတာ မြန်မြန်လုပ်တော့။ မင်းအပြော နောက်ကျသွားပြီ ဟိုမှာ မင်းအသဲတွေကိုငါနှိုးပြီးသွားပြီ"
"အကိုဆူဟ်ိုကတော့ဗျာ အမြဲအဲ့လိုပဲ****"
သူ့စိတ်ကြိုက်ပြောဆိုကာ မီးဖိုခန်းထဲပြန်ဝင်သွားသော အကိုဆူဟိုကတော့ ကြားမကြား မသိသော်ငြား ချန်းယောလ်ကတော့ တစ်ယောက်တည်းပါးစပ်က ပွစိပွစ်ိပြောကာ လက်ကလည်းအ၀တ်တွေကို မြန်မြန်လှန်းနေရတော့သည်။
**********
"ဘတ်ဟျွန်း ချန်းယောလ်ရော"
မနက်စာဝိုင်းမှာ အားလုံးစုံနေသော်ငြားချန်းယောလ်ကတော့မရောက်သေး။
"သမီး အင်အင်းပါထားလို့ ဒိုင်ပါလဲပေးနေတယ်လေ။ ကျွန်တော်လုပ်ပေးပါမယ်ဆို ပြောလို့ကိုမရဘူး။ မသိရင်သူမွေးထားတာကျလို့"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ
15 uni
Start from the beginning