သေချာတွေးကြည့်တော့လည်း ကိုကြီးက ဒီလိုGroupကြီးမှာ စာရင်းကိုင်နေရာကနေ အလုပ်လုပ်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ။
တွေးနေတာတွေရပ်ကာ မြင်နေရတဲ့ကောင်တာက ကောင်မလေးဆီသွားလိုက်သည်။
"ညီမ ဒီကသူဌေးနဲ့တွေ့ချင်လို့"
"ဟုတ် ကြိုတင်ချိန်းဆိုထားလားမသိဘူး"
"မရှိဘူးညီမ ဟို~~~ ပြောပေးပါလားဟင် ဝူရီဖန်ရဲ့အမျိုးသားက တွေ့ခွင့်တောင်းနေပါတယ်လို့"
"ဝူရီဖန် အမျိုးသား....ဟို မရပါဘူးရှင့် သူဌေးက လာရင်လည်းမတွေ့ချင်ဘူးလို့ ပြောထားပါတယ်ရှင့်"
"ဟိုလေ ကူညီပါညီမရယ် အကို့ကိုပြောပေးပါနော်"
ကောင်တာကကောင်မလေးကိုအသည်းအသန် တွေ့ခွင့်ရအောင်ပြောပေးဖို့ တောင်းဆိုနေတုန်း
"ဘယ်သူလဲ"
နောက်ကနေ အသံထွက်လာတာမို့လှည့်ကြည့်လိုက်တော့ ၀တ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးနဲ့ ဘေးကအမျိုးသားတစ်ဦး။ ၂ယောက်လုံးကခန့်ခန့်ညားညားပင်။
"ဟို ဝူရီဖန်ရဲ့ အမျိုးသားလို့ပြောပါတယ် သူဌေးကတော်"
"အော် ဟိုကောင်ပဲ"
"လာပါ မမရယ် သွားရအောင်ပါ ဒီလိုကောင်မျိုးကို တွေ့စရာအကြောင်းမရှိဘူး"
မျက်နှာကြီးတည်တင်းကာပြောနေသော အမျိုးသမီးကိုဘေးကအမျိုးသားက ဆွဲခေါ်နေသည်။ ဘယ်လိုပဲနေနေ ရှင်းပြစရာရှိတာ ရှင်းပြရမှာမို့ အားတင်းကာ
"သူဌေးကတော်ရယ် တစ်ချက်စဉ်းစားပေးပါဦး။ ကျွန်တော့်ယောက်ျားက ဒီလိုလုပ်မဲ့သူ မဟုတ်ပါဘူးဗျာ"
"ဘယ်လို~~~ အခု လုပ်ပြီးနေပြီမဟုတ်ဘူးလား"
" ဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျာ။ ကျွန်တော်နဲ့ကလေးကို သူဘယ်တော့မှခွဲသွားမှာမဟုတ်လို့ မဖြစ်နိုင်တာပဲမို့ ဒါသပ်သပ်စွပ်စွဲခံရတာပါ။ ဒီအမှုကိုပြန်သုံးသပ်စေချင်ပါတယ်။ ပြီးတော့လည်း ဒီဘက်က သူဌေးကတော်တို့လည်း စိတ်ပြေပျောက်လောက်ပြီလို့ထင်ပါတယ်"