"ဦးဝေ အဲဒါ..... Bigbag သီချင်း "

"အဲတာ ဘာဖြစ်တုန်း

ဆောင်းဦးဝေက စားလက်စကိုရပ်မပစ်ဘဲ ဂရုမစိုက်သလိုပြောလိုက်သည်။

"Bigbag Band များရောက်နေတာလားမသိဖူး "

"စိတ်ကူးယဥ်မနေနဲ့ ခွေဖွင့်ထားတာနေမှာ "

"ဟာ ဦးဝေကလည်း မဖြစ်နိုင်ပါဖူး ဒီလောက်ဆူဆူညံညံနဲ့ အကျယ်ကြီးကြားနေရတာကို Show တွေမှာဆိုနေသလိုမျိူးပဲ သွားကြည့်ရအောင်ဗျာ ကျွန်တော်အရမ်းကြည့်ချင်လာပြီ "

ဆောင်းဦးဝေက Bigbag သီချင်းကြားသည်နှင့်လှုပ်စိလှုပ်စိဖြစ်နေသော နိုးနိုးကိုကြည့်ရင်း ကျိတ်ရယ်လိုက်သည်။ ခွေဖွင့်တာမဟုတ်ပဲ Bigbag တစ်ဖွဲ့လုံးကမ်းခြေမှာ စတိတ်စင်ထိုးပြီးသီချင်းဆိုနေတာသူသိတာပေါ့။

အဲလိုဖြစ်လာအောင်လည်း အသည်းအသန်ကိုကြိုးစားထားရတာလေ။

သူ့လိုသူဌေးတစ်ယောက်အတွက် အနုပညာအသိုင်းအဝိုင်းလူတွေနဲ့သိပ်တော့မစိမ်းလှ။ အနုပညာလောကထဲတွင်လည်း သူနှင့်ခင်ရာ
ခင်ကြောင်းတွေရှိနေတာမို့ ထိုလူတွေကတဆင့်
အကူအညီတောင်းကာ Bigbag အဖွဲ့ကိုကိုယ်တိုင်သွားတွေ့ပြီး အခုလိုဖျော်ဖြေမှုအသေးစားလေးလုပ်ပေးဖို့ ကမ်းလှမ်းထားရတာပင်။

"အေးပါ ဖင်တကြွကြွလုပ်မနေနဲ့ မင်းသိပ်သွားချင်နေလည်း ငါလိုက်ပို့မယ်

သူ့ဘက်က Plusပြလိုက်တော့ အပျော်လွန်သွားသောနိုးနိုးက သူ့ကိုတောင်မစောင့်တော့ပဲ ရှေ့ကနေကော့တော့ကော့နှင့် အရင်ထွက်သွားတာမို့ သူကခေါင်းတခါခါနှင့် နောက်ကနေ မနဲပြေးလိုက်လာရသည်။

ဟိုတယ်ရှေ့ ခပ်လှမ်းလှမ်းတစ်နေရာကိုရောက်တော့ကမ်းခြေစတိတ်စင်အသေးလေးထိုးလျက် တစ်ဖွဲ့လုံးအုံးအုံးကြွက်ကြွက်ဖျော်ဖြေနေသော Bigbag အဖွဲ့ကိုမြင်လိုက်သည်နှင့် နိုးနိုးဟာ ပျော်သွားလိုက်သည်မှာမျောက်အုန်းသီးရတာထက်ပင်ဆိုးနေတော့သည်။

"ဦးဝေတွေ့လား တကယ့် Bigbag အဖွဲ့ပါဆို
ကျွန်တော်မပြောဖူးလား ပျော်လွန်းလို့ရူးတော့မှာပဲကွာ တိုက်တိုက်ဆိုင်ဆိုင် "

Loving Lies ( Completed )Kde žijí příběhy. Začni objevovat