ရှိသမျှသွားတွေ အကုန်ဖြီးကာပြောလိုက်တော့ အမကြီးကရှက်သွေးဖြာကာ
"နင်တော်တော်တတ် ငါအသည်းယားတယ်နော် နင့်ကို"
အင်္ကျီကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးတာကို လှမ်းယူရင်း အသည်းယားသလိုဖြင့် လက်မောင်းကို လာဖျစ်နေသောအမကြီးကို
"ဟာ နာသွားမယ်လေ ဒီအမကြီးကတော့ ကလေးကို"
အကိုဆူဟိုက တခြားသူကိုရောင်းနေရင်း လှည့်ကြည့်ကာ လှမ်းပြောလာသည်။
"အမလေး~~~ ကဲစိန်အကိုကြီးရဲ့ သူ့ညီကို ဖြစ်နေလိုက်တာဟွန့်"
"အမလေးဗျာ ဟုတ်တယ်ဗျို့ ဖြစ်တယ် ဖြစ်တယ်"
"ဖြစ်ဖြစ်"
အကိုဆူဟို့ကို ပြန်စကာ ပြန်ထွက်သွားတဲ့ အမကြီး ပြီးတော့ နောက်ထပ်ဝယ်သူတွေလာအောင် ၂ယောက်သား ရယ်ရယ်မောမောဖြင့် အ၀ယ်ခေါ်ကြရပြန်သည်။
"လာထားနော် လာထားကြ အတန်ဆုံး၊အလှဆုံး အ၀တ်အထည်လေးတွေ"
**********
"ရော့~~~ဘတ်ဟျွန်း ဒီနေ့ပိုရောင်းရလို့"
ဈေးသိမ်းချိန်ရောက်လို့ ဆိုင်သိမ်းကာ ပြန်လာတော့ လမ်းမှာပင် အကိုဆူဟိုက လုပ်ခ ရှင်းပေးနေသည်။
"ယေး~~~ ၅၀၀၀ကြီးတောင် ပိုပေးတာ "
ပိုပေးသော၅၀၀၀တန်လေးကို ကိုင်ကာ ရွှင်ပြုံးနေသောဗိုက်ကလေးကတကယ့် ကလေးလေးလိုပင် ဖြူစင်တာမို့ ခေါင်လေးက်ို အသာပုတ်လိုက်သည်။
"အသေးလေးက ကြိုးစားလို့ဒီနေ့အကိုက ပိုပေးတာ"
"ဟင် ခါတိုင်းလည်း ကြိုးစားပါတယ် အကိုဆူဟိုကလည်း"
"ဟ ဟ ဟုတ်ပါတယ်ကွာ ဒီနေ့ကနည်းနည်းလေး နည်းနည်းလေး ပိုကြိုးစားလို့"
"ခါတိုင်းလည်း နည်းနည်းလေး မကကြိုးစားပါတယ်ဆို"
သူတစ်လှည့် ကိုယ်တစ်လှည့်ငြင်းနေရာမှ ရပ်သွားသော ကောင်လေးကြောင့်
"ဘတ်ဟျွန်း ဘာလို့လဲ"
"ဟိုမှာကြည့် အကိုဆူဟို"
လက်ညှိုးညွှန်ပြရာကို ကြည့်မိတော့ ပိတ်လုဆဲဆဲ ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော ရောင်စုံ စုဘူးလေးတွေကိုမက်မက်မောမောလေး ငေးကြည့်နေပြန်သည်။
JE LEEST
Fanfictieဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ
3 uni
Start bij het begin